နှစ်နှစ်သား MZ ရဲ့ အထိမ်းအမှတ်ပွဲ


မနေ့က မြန်မာ အင်ဖိုတက်မှာ mysteryzillion ရဲ့နှစ်နှစ်ပြည့် အခမ်းအနားလေး ပြုလုပ်သွားပါတယ်။ MZ ရဲ့ရည်၇ွယ်ချက်၊ လက်ရှိ MZ ရဲ့လုပ်ဆောင်ချက်များ၊ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်များကို MZ admin များဖြစ်ကြတဲ့ ကိုစေတန်၊ ကိုစည်သူ တို့က ရှင်းလင်းတင်းပြသွားပါတယ်။ အဲဒီနောက် မန္တလေးကွန်ပြူတာအသင်း ဥက္ကဌ၊ ZawGyi.Net ရဲ့ founder ဦးရဲမြင့်သူ ကဇော်ဂျီရဲ့ ပင်မရည်ရွယ်ချက်နဲ့ ဇော်ဂျီ unicode ဖြစ်ပေါ်လာပုံ အကြောင်းတို့ကို ရှင်းလင်းတင်ပြသွားခဲ့ပါတယ်။

အဲဒီနောက် IT-Myanmar admin တစ်ဦးမှ Online Market system နှင့်ပတ်သက်ပြီး ဆွေးနွေး တင်ပြသွားပါတယ်။ ဒါပေမယ့် သူပြောခဲ့သလိုပဲ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီစနစ်ဟာ စိတ်ကူးယဉ်အိပ်မက် အနေနဲ့ပဲရှိနေဦးမှာပါ။ အဲဒီနောက် ကိုညီလင်းဆက်မှ Digitizing အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ကနေ့ ကျွန်တော်တို့ ITခေတ်မှာ Data တွေကို အချိန်ကုန် မခံတော့ပဲ searchable လုပ်နိုင်မယ်ဆိုရင် Research လုပ်ငန်းများနှင့် အခြားသောကဏ္ဍရပ်များမှာ ဘယ်လိုဖွံ့ဖြိုး တိုးတက်စေနိုင်ပုံ။ အဲဒီလိုလုပ်နိုင်ဖို့ digitization ရဲ့အရေးပါပုံနဲ့ တစ်နိုင်တစ်ပိုင် အဆင့်မှ Large scale အဆင့်ထိ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာတွေကို ဆွေးနွေးတင်ပြခဲ့တာ စိတ်ဝင်စားဖွယ်ပါ။

အဲဒီနောက် အဆိုတော် လင်းနစ်မှ သူနာမည်ရခဲ့တဲ့ သီချင်းဖြစ်တဲ့ ဒီဇင်ဘာည၊ နောက်ထွက်မယ့် အခွေမှ သီချင်းသစ်တစ်ပုဒ်တို့ကို ကိုယ်တိုင် တီးခတ်ဖျော်ဖြေသွားခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ ဧည့်သည်များနဲ့ MZ member များကို ကော်ဖီ၊ မုန့်တို့နဲ့ ဧည့်ခံခဲ့ပါတယ်။

ပြီးတဲ့အခါမှာ တော့ ကိုစေတန်၊ ဦးရဲမြတ်သူ၊ ကိုအောင်ခန့် နဲ့ ကိုပီစီတိုက Freelance နဲ့လူငယ်များရဲ့ အခန်းကဏ္ဍကို စကားဝိုင်းအသွင် ဆွေးနွေး တင်ပြသွားခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ yehg.net ရဲ့ admin ကိုအောင်ခန့်မှ Web Security အကြောင်း၊ MZ admin ကိုထူးတေဇာ မှ Web 2.0 အကြောင်းတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး MZ ရဲ့အခမ်းအနားကို ကံစမ်းမဲများ ဖေါက်ပေးခြင်းနဲ့ ရုပ်သိမ်းခဲ့ပါတယ်။

ကျွန်တော်လည်း 2.0GB flesh drive တစ်ခုမဲပေါက်ခဲ့ ပါတယ်။ နောင်နှစ်တွေမှာ ဒီထက်များများ မဲဖေါက်ပေးနိုင်ပါစေဗျာ။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြစ်တည်လာတဲ့ MZ လည်း connection တွေရနေသ၍ အဓွန့်ရှည်ပါစေသောဝ်။

စကားမစပ် လွန်ခဲ့တ (၁၀)နှစ်ကျော်က ကျင်လည်ခဲ့ရတဲ့ လှိုင်တက္ကသိုလ် နယ်မြေကို တဖန်ပြန်ရောက်တဲ့ အခါမှာတော့ တကယ်ဝမ်းနည်းခဲ့ရတယ်ဗျာ။...

5 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. အကိုပြော မှRC.2 ကိုလွမ်းလို့ငိုခြလိုက်ပီ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ထူးတေဇာက MZ Admin ဘယ်တုန်းက ဖြစ်သွားတာလဲဟင်။ ဒို့တောင်မသိလိုက်ပါလား။ အံ့ရော :D

    ReplyDelete
  4. ရဲမြင့်သူ မဟုတ်ပါ။ ရဲမြတ်သူပါ။

    ReplyDelete
  5. ဟုတ်ကဲ့ကိုသာသာ ကျွန်တော် နားကြားလွဲသွားလို့ပါ။ အခုလိုပြောပြတာကော လာရောက်လည် ပတ်တာကော ကျေးဇူးပါ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1