မြန်မာနှစ်ဦး ဆုတောင်း

အားလုံးပျော်ရွှင်ခဲ့ကြသော အတာသင်္ကြန်ပွဲကြီးကတော့ ပြီးဆုံးခဲ့ပြီ။ သင်္ကြန်ရေနှင့်အတူ မကောင်းမှုတွေ အားလုံးလည်း ဆေးကြော သန့်ဆင်နိုင်ခြဲ့ ကပြီဟု ကျွန်တော်ထင်ပါသည်။

၁၃၇၀ခုနှစ်မှာ …

- ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ကြ ပါစေ။

- လူသားတွေ ကြောက်ရွံ့ကြတဲ့ သဘာဝဘေးအန္တရာယ် ကပ်ဆိုးများလည်း ကင်းဝေးနိုင်ပါစေ။

- လူသားတွေ အတိဒုက္ခရောက်ရတဲ့ စစ်မက်များလည်း ချုပ်ငြိမ်းနိုင်ပါစေ။

-ကမ္ဘာ့စီပွားရေးကြီး အမြန်ဆုံး ပြန်လည်တည်ငြိမ်းပြီး၊ လူသားတွေအားလုံး ဆင်းရဲ ငတ်မွတ်ခြင်း ဘေးမှကင်းဝေး နိုင်ကြပါစေ။

-လူသားအကျိုး ပြုပညာရပ်များ ပိုမိုထွန်းကားနိုင်ပါစေ။

-ကမ္ဘာသူကမ္ဘာသားတွေအားလုံး နိုင်ထက်စီးနင်းမှုများ၊ မတရားသဖြင့် ချုပ်နှောင်မှုများမှ ကင်းဝေးနိုင်ကြပါစေ။

-တရားသဖြင့်သာယာဝပြောသော ကမ္ဘာမြေ အဖြစ်အရှည်တည်တံ့ခိုင်မြဲပါစေ။

-ငါ၏ဖေဖေနှင့် မေမေသည်လည်း စိတ်လက်ကျန်းမာ၊ ကိုယ်ချမ်းသာ နိုင်ပါစေ။

-ငါ၏ တစ်ယောက်သော သူသည်လည်း အရာခပ်သိမ်း အဆင်ပြေချောမွေ့ပြီး သာယာသော ဘ၀ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းနိုင်ပါစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1