သင်္ကြန် အကြတ်နေ့



မနေ့က မိုးကလည်းရွာ ရာသီဥတုကလည်း အေးတော့ ရန်ကုန်သင်္ကြန် အကျနေ့က ခြောက်ကပ်နေတာပဲလို့ ထင်ခဲ့တာ ဒီနေ့တော့ နေလည်းသာ နဲနဲလည်းပူတော့ သင်္ကြန်လည်သူများ အကြိုက်တွေ့ နေပုံရ၏။ ကားလတ်၊ ကားကယ် အသွယ်သွယ်ဖြင့် လမ်းတိုင်းမှာ အပြည့်။ ကိုယ့်ကိုယ်ကို အသက်ကြီးပြီ..။ သင်္ကြန်လည်ရန် မသင့်တော် တော့ဘူးလို့ ထင်နေတာ... ဖိုးဖိုးတွေ၊ ဘွားဘွားတွေကလည်း ခေတ်နှင့်အညီ နေကာမျက်မှန် ကြီးတွေ တကားကား ခြုံထည်ကြီးတွေ တလွှားလွှားနဲ့ ဆိုတော့။ ငါပဲ ခေတ်နောက်ကျနေလားလို့ ထင်မိသေးရဲ့ ....။ ကိုယ်တိုင် လည်ပတ်ရတာ သိပ်စိတ်မပါလှပေမယ့် လည်နေတဲ့သူတွေ ပျော်နေတဲ့သူတွေ ကြည့်ရတာလဲ တမျိုးပျော်စရာ...။ အင်း...ဒါပေမယ့် ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ယောက်ျား မိန်းမ မရွေး လက်ထဲမှာ ဘီယာပုလင်းတွေ၊ ဘီယာဘူးတွေ ကိုင်ထားကြ၊ ရေစိုမျက်နှာတွေ နီမြန်းနေတာတွေ့ ရတော့ ဒါဟာ သင်္ကြန်ယဉ်ကျေးမှု ဖြစ်နေပြီလား လို့ မဆီမဆိုင် တွေးလိုက်မိရဲ့...။ ဘာပဲဖြစ်ဖြစ်ပါလေ. အတာကူးတဲ့ နှစ်ဦး အခါသမယ မှာတော့ သတ္တ၀ါ အပေါင်း ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ လိုက်ပါတယ်။

လာလည်သူအပေါင်း အေးမြသာယာစေကြောင်း သင်္ကြန်ရေလောင်းလိုက်ပါတယ်။ ဗွမ်းးးးး.......ဗွမ်းးးးး

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1