Quick Edit

ကျွန်တော် blog လေးကို co.cc မှာ domain ပြောင်းလိုက်တော့ မကျော်ပဲနဲ့ ကြည့်လို့ရသွားပါတယ်။ ဘယ်လိုပြောင်းရတယ် ဆိုတာကို ဒီမှာ ရှင်းပြထားပါတယ်။ အခုပြောချင်တာက အဲဒီလို domain ပြောင်းလိုက်တဲ့ အခါ Quick Edit Icon တွေ ပေါ်နေခြင်းပါပဲ။



အဲလိုပေါ်တော့ ဘာဖြစ်လဲ.....? ဘာမှတော့ မဖြစ်ဘူးပေါ့ဗျာ။

ဒါပေမယ့် ကြည့်ရတာ အရုပ်ဆိုးသလိုပဲ။ ကျွန်တော်လည်း ဘယ်လိုပြင်ကြည့်ရင် ရမလဲ... ရှာရင်း ဖွေရင်း ဒီ CSS coding လေးကို ရှာတွေ့ခဲ့တယ်။ ဒီလိုပါ။

.quickedit{display:none;}

အဲဒါကို template ရဲ့ CSS coding ပိုင်းမှာ ထည့်လိုက်ရင် Quick Edit Icon တွေ ပျောက်သွားပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လည်း page ပေါ်ကနေ editing လုပ်လို့ မရတော့တာကတော့ အခက်တွေ့စေတယ်။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. thanks u so much bro...
    I wanna change my blog...
    I ll try to change.

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1