Blog Post တွေ Backup လုပ်ဖို့

Post ADS 1
ကျွန်တော်တို့တွေ တစ်ခါတစ်ခါမှာ ကိုယ့် blog ကိုပြင်ရင်း၊ သရင်း အဆင်မပြေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခါ သူများက hack လို့ ကိုယ်ပင်ပင်ပန်းပန်း ဖန်တီးထာတဲ့ post တွေပျက်စီး သွားတာမျိုးပေါ့။ (ကျွန်တော်တော့ မကြုံဘူးသေးပါ)။ ဒါပေမယ့် ကြားနေရတယ်။ အဲဒီလိုမဖြစ်ရအောင် ကျွန်တော်တို့ post တွေကို blogger မှာပါတဲ့ export tool ကိုသုံးပြီး backup လုပ်ထားလို့ရပါတယ်။

ဒီလိုပါ။ Dashboard>Setting>Basic Tab>Blog Tools ကနေ Export Blog ဆိုတာကို နှိပ်လိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်းပေါ့။
အဲဒီအခါမှာ အခုလိုတွေ့ရမှာပါ။ Download Blog ဆိုတာကို နှိပ်လိုက်ပါ။ ကျွန်တော်တို့ ရေးထားတဲ့ post တွေကို xml file နဲ့ချပေးပါလိမ့်မယ်။
ပြီးတော့ကျွန်တော်တို့ backup ထားတဲ့ အခြား blog တစ်ခုကို import လုက်ပါမယ်။ ကိုယ် import လုပ်မယ့် blog ကို sign in လုပ်ပါ။ ပြီးတော့Dashboard>Setting>Basic Tab>Blog Tools ကနေ Import Blog ဆိုတာကို နှိပ်လိုက်ပါ။
အခုလိုတွေ့ရမှာ ဖြစ်ပါတယ် Browse button ကနေ စောစောက ကျွန်တော်တို့ download ချထာတဲ့ xml file ကိုပြန်ရှာပါ။ပေးထားတဲ့ word verification ကိုဖြည့်ပါ။ ပြီးရင်တော့ IMPORT BLOG ဆိုတာကို နှိပ်လိုက်ရင် ကျွန်တော်တို့ ဘလော့ အဟောင်းက post တွေကို ရေးခဲ့တဲ့ ရက်စွဲတွေအတိုင်း import လုပ်ပါပြီ။
import လုပ်ထားတဲ့ post တွေကို publish လုပ်မယ်ဆိုရင်တော့ Posting>Edit Post ကနေ post တွေကို select ပေးပြီး published လုပ်နိုင်ပါတယ်။
Post တွေကို import လုပ်ပြီးတာနဲ့ တပြိုင်နက် published လုပ်ချင်ရင်တော့ Automatically publish all imported posts ဆိုတာလေးကို import မလုပ်ခင်ကတစ်ခါတည်း check လုပ်ထားခဲ့ရင် import လုပ်ပြီးတာနဲ့ publish ပါလုပ်ပေးမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ Post တွေကိုသာ Import လုပ်ပေးမှာ ဖြစ်ပြီး template နဲ့ sidebar widget တွေကိုတော့ import လုပ်မပေးပါခင်ဗျာ။
Post ADS 1

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post