ငရဲပြည်ရောက် programmer


တစ်နေ့သ၌ လူ့ပြည်မှ ကွန်ပြူတာ programmer တစ်ဦး ကွယ်လွန်သွားသည်။ programmer သည် လူ့ပြည်တွင် ရှိခဲ့စဉ်အခါက ပြုလုပ်ခဲ့သော ကောင်းမှုနှင့် မကောင်းမှုမှာ ညီမျှနေရာ ယမင်းက programmer ကိုအထူးအခွင့်အရေးတစ်ရပ် ပေးခဲ့သည်။

ယမမင်း---" အသင် programmer အသင်သည် လူ့ပြည်တွင် နေထိုင်ခဲ့စဉ်အခါက အသင်ပြုခဲ့သော ကောင်းမှု နှင့် မကောင်းမှု အရ သင့်အား အထူးအခွင့်အရေး တစ်ရပ်ပေးမည်။ ယခုသင် တမလွန်ဘ၀တွင် ကောင်းကင်ဘုံ နှင့် ငရဲဘုံ သင့်စိတ်ကြိုက် ကြိုက်ရာဘုံကိုရွေးနိုင်သည်။" ဆိုလေ၏။

programmer----"အရှင်ကောင်းကင်ဘုံက မည်သို့ဖြစ်ပါသနည်း" မေးလေရာ....ယမမင်းက

"အသင် programmer ဤသည်က ကောင်းကင်ဘုံပေတည်း။ "ဟုဆိုကာ ကောင်းကင်ဘုံအတွင်း လှည့်လည် ပြသ လေသည်။ programmer မြင်တွေ့ရသော ကောင်းကင်ဘုံသားများသည် ခြိုးခြံစွာနေထိုင်ရသည်။ မြတ်သော တရားများကို အေးချမ်းစွာကျင့်ကြံနေကြသည်။ ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလှသည်မှာ အပ်ကျသံပင် ကြားရလောက်ပေသည်။ ထို့နောက်---

programmer----"အရှင်ငရဲဘုံကကော မည်သို့ပါနည်း" ဟုမေးပြန်သည်။ ထိုအခါ ယမမင်းက "အသင် programmer ဤသည်က ငရဲဘုံပေတည်း။" ဟုဆိုကာ ငရဲဘုံအတွင်း လှည့်လည်ပြသပြန်လေသည်။ programmer မြင်တွေ့ရသည်ကား ငရဲဘုံသားများသည် ရွှင်မြူးစွာ ကခုန်နေကြသည်။ ထူးကဲသောအစားအသောက်များကို စားသောက်ရင်း အလွန်တရာ ချောမောလှပသော ယမင်းပျိုဖြူများ... ရွှင်မြူးဟစ်ကြွေး ခေတ်ပေါ်တေးများကို နားသောတဆင်ခံစားရင်း စည်းစိမ်ခံစားနေကြ သည်ကို အားကျဖွယ်မြင်တွေ့ရလေသည်။

ထိုအခါ programmer ကအထူးစဉ်းစားမနေတော့ပဲ " အရှင်ကျွန်တော်မျိုး ငရဲဘုံသို့သာ ရွေးချယ်လိုပါသည်" ဟု မဆိုင်းမတွအဖြေပေးလိုက်လေသည်။

ထိုအခါ ယမမင်းက "အသင် programmer သင်ရွေးချယ်သော ငရဲဘုံသို့ ကျွန်ုပ်ပို့ပေးလိုက်သည်" ဆိုသည်နှင့် တပြိုင်နက် programmer သည် ပွက်ပွက် ဆူနေသော ဆီအိုးအတွင်းသို့ ရောက်ရှိသွားလေတော့သည်။

ထိုအခါတွင် programmer က "အသင်ယမမင်း.....မည်သို့ဖြစ်ရသနည်း။ အသင်ပြသစဉ်က ငရဲဘုံနှင့် ကျွန်တော်မျိုး ရောက်ရှိနေသော ငရဲဘုံမှာ လွန်စွာကွာခြားလွန်းလှပေသည်" ဟုဆိုလေရာ "အသင် programmer သင်မြင်တွေ့ခဲ့ရသော ငရဲဘုံမှာ DEMO VERSION ဖြစ်ပြီး ယခုသင်ရောက်ရှိနေသော ငရဲဘုံမှာ FINAL VERSION ဖြစ်ပါသည်။" ဟုဖြေကြားရင်း ကိုယ်ရောင်ပျောက်သွားလေတော့သည်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1