
ဓားတစ်လက်ကိုင်ပြီး တိုက်ပွဲဝင်နေချိန်မှာ ချစ်ခြင်းမုန်းခြင်း ကင်းပြီဆိုရင် သင်ဟာတိုက်ပွဲတိုင်းကို အောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပြီ။
ကျွန်တော်ဖတ်ခဲ့ဘူးသော့ ၀တ္ထုတစ်အုပ်မှ စာသားကို မှတ်မိသလို ပြန်ရေးပြခြင်း ဖြစ်ပါသည်။ ဤအဆိုကို ကျွန်တော် လက်ခံနိုင်ပါသည်။ သို့သော် အမှန်တစ်ကယ် လိုက်နာကျင့်သုံးနိုင်ခြင်း မရသည်ကတော့ သေချာပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်အပါအ၀င် လူတော်တော်များများသည် ကိုယ်တိုင်က တစ်ယောက် ယောက်ကို ချစ်နေရလျင် သိှု့မဟုတ် တစ်ယောက်ယောက်၏ ချစ်ခြင်းကို ခံနေရမှသာလျင် နေသာထိုင်သာရှိ တတ်ကြသောကြောင့် ဖြစ်ပါသည်။
တစ်ခါတရံတွင်တော့ အမုန်းတရားကလည်း ကျွန်တော်တို့ ရှေ့ဆက်ရမည့် ခရီးလမ်းအတွက် မြစ်တစ်ဆင်း ဖြစ်နေတတ်သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်တို့၏ မခံချင်စိတ်နှင့် ပြိုင်ဆိုင်လိုမှုတို့သည် တရံတခါတွင် အမုန်းတရားမှ ပေါက်ဖွားလာတတ်ပါသည်။ ထိုမှတဆင့် မိမိ၏ အခြေအနေတစ်ရပ်ကို ပ်ုမိုခန့်ညားလာအောင် ဆောင်ရွက်နိုင်ခဲ့ကြသော သာဓကများစွာကို ကျွန်တော်တွေ့ဖူးပါသည်။ မြစ်ကို ဆန်တက်နိုင်ကြသူများဟု ကျွန်တော့် ဘာသာ သတ်မှတ်ပါသည်။ အချို့ဖြစ်ရပ်များတွင်တော့ ရေစုံမျှော၍ လိုက်ပါသွားရင်း တစ်ကွေ့တစ်နေရာတွင် ရေမျောကမ်းတင် အဆုံးသတ်သွားရပုံများကိုလည်း ကျွန်တော် မြင်ခဲ့ရဘူးပါသည်။
ကျွန်တော်ကိုယ်တိုင်ကမူ ချစ်ခြင်းနှင့် မုန်းခြင်းမှ မကင်းကွာနိုင်သေးပါ။ ကျွန်တော်ချစ်တတ်ပါသည်။ ထို့အတူ ကျွန်တော်မုန်းတတ်ပါသည်။ ထို့ကြောင့်တိုက်ပွဲတိုင်းကို ကျွန်တော် မအောင်နိုင်သေးပါ။
တိုက်ပွဲတိုင်းကိုအောင်နိုင်သော စစ်သူကြီးတစ်ယောက်ဖြစ်လိုသလား ……. ဘာသာမဝေခွဲတတ်သေးပါ။
ကျွန်တော် ချစ်တတ်ပါသည်။ ………………………………………………………………………………………………...
ထို့အတူ ကျွန်တော်မုန်းတတ်ပါသည်။ ………………………………………………………………………………………
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့