လမ်းကလေး


မှတ်မိပါသေးတယ်
တရံရောအခါက
ဒီလမ်းကလေးပေါ်မှာ
တို့တတွေ
မြူးထူး ပျော်ပါး
ဆော့ကစားခဲ့ကြတယ်။

ကျောင်းအဆင်း အိမ်အပြန်
လွယ်အိပ်ကို ကျောမှာပိုး
ထီးမပါ ဖိနပ်ဗလာနဲ့
မိုးရေထဲမှာ ပြေးလွှားခဲ့ဘူးတယ်။

ယခုအခါမှာတော့
ဒီလမ်းကလေးပေါ်မှာပဲ
သောကတွေ တပွေ့တပိုက်
မောဟိုက်လို့တွေဝေ
ရင်နှင့်မဆံ့တဲ့ ဒဏ်ရာတွေနဲ့
ငါလျှောက်လှမ်းနေဆဲ။

တရံတစ်ခါမှာ
ပျော်ရွှင်စွာနဲ့
မျှော်လင့်ခြင်းတွေ ထွေးပွေ့
တက်ကြွတဲ့ခြေလှမ်းတွေနဲ့
ငါဖြတ်သန်းနေခဲ့။

လမ်းကလေးရေ….
သွားသူကသွား
ပြန်သူကပြန်
မြန်သူကမြန်
နှေးသူကနှေး
ဥဒဟို ဖြတ်သန်းကြစဉ်မှာ
မင်းကတော့
ဖြောင့်တန်းနေဆဲ…။ ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1