Free Desktop Clock: ကွန်ပြူတာ desktop ပေါ်က နာရီလေးများ

Desk top ပေါ်မှာ နာရီလေး ရှိနေရင် ကောင်းမှာပဲ။ ဟုတ်ပါတယ်။ ကောင်းပါတယ်။ အလုပ်လုပ်ရင်း အချိန်သိဖို့ လိုတဲ့အခါ အလွယ်တကူ သိနိုင်တာပေါ့။ တကယ်တော့ start menu ပေါ်မှာ window က နာရီ ထည့်ပေးထားပြီး သားပါ။ ဒါပေမယ့် သတိမထားတတ်ဘူး။ သေးလွန်းတာကိုး။ ပိုထင်ရှားတဲ့ effect လေးတွေ ပါရင် ပိုကောင်းမှာပေါ့။ အဲဒီကိစ္စကို Free Desktop Clock 2.2 ဆိုတဲ့ software လေး သုံးလိုက်ရင် အဆင်ပြေပါတယ်။ window ရဲ့ default clock ကို ပိုပြီးအမြင်လှတဲ့ skin လေးပြောင်းပေး ထားတဲ့ အပြင် Time (hour : minute : second), day, date, month အားလုံးကို ထင်ထင်ရှားရှား မြင်နိုင်အောင် ပြောင်းပေးထားတော့ အဆင်ပြေတာပေါ့။ skin တွေလည်း စိတ်ကြိုက်ပြောင်း နိုင်ပါသေး တယ်။



နောက်တစ်ခု ပြောချင်တာကတော့ analog desktop clock exe လေးပါ။ ဒါမျိုးက window vista မှာတော့ default ပါဝင်ပြီးသားပါ။ windowXP မှာလည်း vista theme ပြောင်းလိုက်ရင် ရပါတယ်။ ဒါပေမဲ့ ဘာမှမပြောင်း ပဲ clock လေးတစ်ခုပဲ လိုချင်ပါတယ်ဆိုရင် Clock! 2.2 ဆိုတဲ့ software လေးကို သုံးရင် အဆင်ပြေပါတယ်။ install လုပ်ပြီးတာနဲ့ analog clock လေးကို run ပေးမှာပါ။ သူ့မှာလဲ theme လေးတွေ စိတ်ကြိုက်ပြောင်းပေးနိုင် ပါသေးတယ်။


1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. အချိန်တွေ အများကြီး ပြပေးနိုင်တဲ့ နာရီမျိုတွေ့ဖူးတယ်ဗျ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1