ဒီရက်ပိုင်း

ဒီရက်ပိုင်း ဘာမှမလုပ်ဖြစ်ပါ။ online ပေါ်တော့ နေ့တိုင်းရောက်ပေါ့။ g-talk ထဲဝင်ပြီး၊ ဘယ်သူတွေ ဘာပြောပြော ပြန်မပြောဖြစ်၊ အဲ ... စိတ်ကူးပေါက်ရင်တော့ တစ်ကြောင်း နှစ်ကြောင်း ပြန်ရိုက်လိုက်၊ ဘလော့တွေ အားလုံးလျှောက်ဖတ်။ 4shared.com မှာ ဘာတွေ အလကားရသလဲ ၀င်ကြည့်၊ flilehippo.com မှာ ရံဖန်ရံခါဝင်မွှေ၊ facebook မှာ ဘယ်သူတွေ ဘာတွေဖွနေလည်း လျှောက်ဖတ်၊ ဘာကာကို ၁၁ ယောက်ခြင်း ယှဉ်ရရင် ဘယ်တော့မှမရှုံးဘူးလို့ ပြောခဲ့တဲ့ မော်ရင်ဟို၊ အခုကော ဘယ်သူ အထုတ်ခံရမှာလဲ စဉ်းစားနေမိ၊ နောက်တစ်ပတ် မန်စီးတီးကို မန်ယူ နိုင်မှာလား၊ ဖာဂူဆန်နေရာ ၀င်ပြီး၊ ကစားကွက်တွေ၊ စိတ်ကူးနဲ့ဖေါ်ကြည့်၊ မေးခွန်းပေးပြီး၊ ပြန်စစ်ထားတဲ့ အဖြေ လွှာတွေ၊ စိတ်ပါလက်ပါ ဖျက်လိုက်၊ စိတ်မပါလက်မပါ ပစ်ချထားလိုက်၊ ဘာလုပ်ရမှန်းမသိလို့ free cell ထိုင်စီနေ တာလဲ ဘယ်နှစ်ကြိမ်တောင် ရှိပြီလဲမသိ၊ "ချစ်ပန်းကလေးတွေ ဝေနေချိန်မှာ အဖိုးတန်မှန်းမသိတယ်၊ နဂိုရပိုင်ခွင့် လို့ပဲထင်မိတယ်။ " ဆိုတဲ့ စိုင်ထီးဆိုင်ရဲ့ ညည်းတွားသံကို မဆီမဆိုင် သနားနေမိ၊ မိန်းမတွေ ဘာလိုချင်မှန်း ကျွန်တော်မသိဘူး ဆိုတဲ့ စားရေးဆရာမ ဂျူးရဲ့ ဇာတ်ကောင် တစ်ဦး ပြောခဲ့တဲ့စကားကို ပြန်တွေးကြည့်၊ လိုချင်တာတွေကတော့ တစ်ခုရပြီး နောက်တစ်ခုပဲထင်တယ်။ အင်း... လူ့အလို နတ်မလိုက်နိုင်ဘူးလေ...၊ ငါလဲ ဘယ်လိုက် နိုင်မလဲ။ တစ်မျိုးမထင်ကြပါနဲ့ဗျာ။ မိန်းမ မရှိပါဘူး၊ ကြာပါပြီ။ ဟော.... ကိုဆန်းဝင်းက ဘလော့ဂါတွေ အကြောင်း အိပ်မက်၊ မက်သတဲ့..၊ ကံကောင်းတဲ့ လူပဲ။ ညတွေကို အိပ်ပျော်နိုင်တာ၊ နဲတဲ့ကံမှတ်လို့၊ အားကျလိုက်တာ၊ အင်... ပြောရင်းဆိုရင်း အတန်းချိန်နီးပြီ။ ကန့်လန့်ကာရှေ့ ထွက်ကလိုက်ဦးမယ်။ သွားပြီ . . . ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1