π ဆိုတဲ့သင်္ကေတကို 1706 ခုနှစ်မှာ William Jones ဆိုတဲ့ သင်္ချာပညာရှင်က စတင် သတ်မှတ်ခဲ့ပါတယ်။ ၀ီလီယမ်ဂျုံးနောက်မှာ π ကို ဆက်လက် ပြီး developed လုပ်ခဲ့သူတွေကတော့ အွိုင်လာ(Euler) နဲ့ အာခိမိဒိ (Archimedes) တို့ ဖြစ်ကြပါတယ်။
ပမာဏအားဖြင့် 3.14159 အနီးစပ်ဆုံးရှိပါတယ်။ π ဟာ သင်္ချာ၊ရူပ၊သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ အရေးပါတဲ့ ကိန်းသေတစ်ခုပါ။ ဒါပေမယ့် π ဆိုတာ irrational ကိန်းတစ်ခု ဖြစ်ပါတယ်။ irrational ဆိုတာက အပိုင်းကိန်းအသွင် ပြောင်းလဲလို့ မရတဲ့ကိန်းတွေကို ခေါ်ပါတယ်။ သူ့ကို ဒသမကိန်းအဖြစ်သာ ဖေါ်ပြ နိုင်ပါတယ်။ အဆုံးလည်းမရှိ၊ ပြန်လည်းမထပ်တဲ့ ဒသမကိန်းတွေဟာ irrational ဖြစ်ပါတယ်။
π ရဲ့တန်ဖိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စတင်တွေ့ရှိသူတွေ ကတော့ အီဂျစ်လူမျိုးတွေနဲ့ ဘေဘီလုံ လူမျိုးတွေလို့ဆိုပါတယ်။ ဒါပေမယ့် စတင်တွေ့ရှိစဉ်အခါက π ကို irrational မဟုတ်ပဲ rational ရယ်လို့ သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ π =22⁄7, 223⁄71, 355⁄113, ... လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက π ရဲ့တန်ဖိုးကို rationalized လုပ်ထားတဲ့ အနီးစပ်ဆုံး တန်ဖိုးတွေသာ ဖြစ်ပြီး 1800ခုနှစ် နောက်ပိုင်းကာလတွေမှာ π ကို irrational အဖြစ် လက်ခံထားပါတယ်။
π ဆိုတဲ့ သင်္ကေတက ဂရိစာလုံးဖြစ်ပါတယ်။ perimeter လို့ အဓိပ္ပါယ်ရတဲ့ ဂရိစာလုံး "περίμετρος" ကနေ ဆင်းသက်လာခဲ့တာပါ။ π ကို irrational အဖြစ်လက်ခံထားပြီး နောက်ပိုင်းမှာ rational အဖြစ် သက်သေပြနိုင် ဖို့ သင်္ချာပညာရှင်တွေ π ရဲ့နောက်ဆက်တွဲ ဒသမကိန်းတွေကို ဆက်လက်ရှာဖွေ ခဲ့ရာမှာတော့ ယနေ့ကာလမှာ ကိန်းလုံးပေါင်း ဘီလီယံချီ ခဲ့ပါပြီ။ ဒါပေမယ့် အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် π ဟာ ယနေ့ အချိန်ထိ irrational အဖြစ်သတ်မှတ်ထားဆဲပါ။ π ရဲ့ ဒသမကိန်းတွေကို အလုံးတစ်သိန်း အထိကိုတော့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ PI သီချင်းတဲ့ ဒီနေရာမှာ နားထောင်နိုင်ပါတယ်။
March 14 ရက်ကိုလည်း Pi Day ပါတဲ့။ ဘာပဲဖြစ်ဖြစ် ကျင်းပစရာ အထိမ်းအမှတ် နေ့တစ်ခုတော့ ရပြန်ပြီပေါ့။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့