Virtual CD Drive

တစ်ချို့ software တွေက set up file မပါပဲ Drive ထဲမှာ CD, DVD ကို ထည့်သုံးရတယ်။ အဲဒီလိုသုံးတဲ့အခါ သုံးပါများရင် CD ရဲ့ အရည်အသွေး ကျလာပြီး နောက်ပိုင်း သုံးဖို့ အဆင်မပြေတော့ဘူးပေါ့။ ဥပမာ Microsoft Encarta လို၊ တစ်ချို့ Dictionary Software တွေလို setup.exe မပါဝင်တာ မျိုးပေါ့။ အဲဒီပြသနာကို magic disc က ဖြေရှင်းပေးနိုင်ပါတယ်။ သူက Hard Drive ထဲမှာ Virtual CD, DVD Drive တွေ ဖန်တီးပေးပါတယ်။ အသုံးပြုမယ့် File ကို ISO extension ပြောင်းပြီး Virtual Drive မှာ Mount လုပ်ပေးလိုက်ရင် CD Drive ကို သုံးဖို့ မလိုတော့ပဲ Hard Drive ထဲမှာပဲ အသုံးပြုနိုင်ပါတယ်။ နောက် ကွန်ပြူတာပေါ်မှာပဲ DVD ရုပ်ရင်တွေ ကြည့်မယ်၊ ဆိုရင်လည်း အဲဒီလိုကြည့်ခြင်းဖြင့်ံCD Drive ကို အနားပေးနိုင်ပါတယ်။ ဒီတော့ Drive ရဲ့ သက်တမ်းကိုလည်း ကြာရှည်ခံစေတာပေါ့ဗျာ။ Software ကို install လုပ်ပြီးတဲ့အခါ System tray ပေါ်မှာ အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

Right Click >Set number of Drives ကနေ လိုချင်တဲ့ drive အရေအတွက်ကို သတ်မှတ်ပေး နိုင်ပါတယ်။ Virtual Drive ၁၅ခုထိ အများဆုံး ထားနိုင်ပါတယ်။ ကိုယ်သုံးချင်တဲ့ File ပါတဲ့ CDကို Drive ထဲထည့်ပြီး Right Click> Make CD/DVD Iamge ကို click လုပ်လိုက်ရင် ဒီလိုတွေ့ရ ပါမယ်။

Out put format မှာ အခုပြထားတဲ့ အတိုင်း ISO extension ကို ရွေးပါ။ Output File မှာ ကိုယ်သိမ်းချင်တဲ့ နေရာကိုရွေးပါ။ ပြီးရင်တော့ OK ပေါ့၊ အဲဒီအခါမှာ CD ထဲမှာရှိတဲ့ File တွေကို ISO File အနေနဲ့ သိမ်းပေး သွားမှာပါ။ DVD တစ်ခွေလုံးကို သိမ်းရင်တော့ ၁၀မိနစ်လောက်ပဲ ကြာပါတယ်။ ပြီးတဲ့ အခါမှာ Right Click > Virtual CD/DVD Rom ကနေ Mount ကို Click လုပ်ပြီး စောစောက သိမ်းထားတဲ့ File ကိုရွေးပေးလိုက်မယ် ဆိုရင် CD Drive ကို မသုံးတော့ပဲ Hard Drive ထဲက Virtual CD/DVD တွေကို ကြည့်ရှုလို့ ရနိုင်ပါကြောင်း။

အဓိက ပြောဖို့ကျန်သွားတယ်။ ကျွန်တော်ပြောတဲ့ software ကို ယူဖို့



Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1