October 22 ရက်နေ့မှာ စရောင်းမယ် ဆိုပေမယ့် promotion လုပ်တဲ့ အနေနဲ့ Window 7 ရဲ့ version သုံးခုကို ဒီနေ့ကစပြီး ရောင်းချပေးပါတော့မယ်။ ရောင်းမယ့် version တွေကတော့ Home Premium, Professional နဲ့ Ultimate versions တွေပါပဲ။ upgrade version နဲ့ full version ဆိုပြီးတော့ ပုံစံနှစ်မျိုးနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ကိုယ့်စက်မှာ မူလ တရားဝင် လိုင်စင် version ရှိတယ်ဆိုရင် upgrade version ကိုသာ ၀ယ်ဖို့လိုပြီး၊ မရှိဘူးဆိုရင်တော့ Full version ၀ယ်ရမှာ ဖြစ်ပါတယ်။
upgraded fees ကတော့ Home Premium အတွက် $50 နဲ့ Professional အတွက် $100ဖြစ်ပါတယ်။ promotion ကာလ ကျော်လွန်သွားရင်တော့ အဆိုပါ version နှစ်မျိုးအတွက် $120 နဲ့ 200 ပေးရမှာ ဖြစ်တယ်လို့ Microsoft ကပြောပါတယ်။ Window Vista Ultimate ကနေ Window 7 ultimate ကို upgrade လုပ်ချင်တယ်ဆိုရင်တော့ $220 ကုန်ကျမယ်လို့ဆိုပါတယ်။
Window 7 ကို upgrade လုပ်မယ်ဆိုရင်တော့ system requirements အနေနဲ့ 16GB HDD နဲ့ 1gig RAM ရှိရမှာဖြစ်ပါတယ်။ 64 bits ကွန်ပြူတာဆိုရင်တော့ 20GB HDD နဲ့ 2gigs RAM လိုအပ်ပါတယ်။ ဒါက minimum requirements ပါ။
Upgrade ဘယ်လိုလုပ်မလဲ ဆိုတဲ့ user manual တွေကိုတော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။
ကဲ upgrade လုပ်ချင်သူများ ၀ယ်လို့ရပြီနော်။ ကျွန်တော်လား... တစ်ခွေ တစ်ထောင်နဲ့ ထွက်လာရင်တော့ စမ်းကြည့်မယ်။

Upgrade Advisor:
http://tinyurl.com/opoey8XP to Windows 7 instructions:
http://tinyurl.com/kjqaq9
ကဲ upgrade လုပ်ချင်သူများ ၀ယ်လို့ရပြီနော်။ ကျွန်တော်လား... တစ်ခွေ တစ်ထောင်နဲ့ ထွက်လာရင်တော့ စမ်းကြည့်မယ်။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့