ကဲ…ကိုယ်တိုင် သိရှိထားရမဲ့ ကွန်ပြူတာဆိုင်ရာ ဗဟုသုတတွေ အတွက်ကော..?
ပိုပြီးတော့ အဆင့်မြင့်တဲ့ သင်ကြားမှုတွေ၊ လေ့ကျင့်မှုတွေကို ရယူချင်ပါသေးတယ် ဆိုရင်တော့ Lynda.com ကို ၀င်ရောက် လေ့လာ နိုင်ပါတယ်။ အဲဒီမှာ ပစ္စည်းအမျိုးမျိုးအတွက် ထောင်ပေါင်းများစွာသော video တွေ၊ ကျူတိုရီရယ် ဖိုင်တွေကို တင်ပေးထားပါတယ်။ ဒါပေမဲ့ ဒီဆိုက်ကတော့ အခမဲ့မဟုတ်ပါဘူး။ ခင်ဗျားက ရှုပ်ထွေးနက်နဲတဲ့ ပညာရပ်တွေ၊ အကြောင်းအရာတွေကို လေ့လာချင်တဲ့စိတ် သိပ်ပြင်းပြနေမယ် ဆိုရင်တော့ သူတောင်းထားတဲ့ အခကြေးငွေက ထိုက်တန်တယ်လို့ပဲ သတ်မှတ်ရမှာပါ။ review of Lynda.com ကို ဖတ်ကြည့်ပါ။
ခင်ဗျား ကွန်ပြူတာ ပရိုဂရမ်းမင်းနဲ့ ပါတ်သက်ပြီးတော့ကော လေ့လာ သင်ယူချင်သေးလား..? ဒါဆိုရင် အင်္ဂလိပ် ပရိုဂရမ္မာ Alan Gauld ရဲ့ Learning to Program ကို ဖတ်ကြည်ပါ။ မြောက်မြားစွာသော ပရိုဂရမ်းမင်း ကျူတိုရီရယ် တွေကို online ပေါ်မှာပဲ တိုက်ရိုက်သင်ယူ နိုင်ပါလိမ့်မယ်။ သူရေးထားတာ ရှုပ်ထွေးမှု မရှိပါဘူး။ ခင်ဗျားအလွယ်တကူ နားလည်သဘောပေါက် နိုင်မှာပါ။ သူကတော့ Python အကြောင်း ရေးထားတာပါ။ ပရိုဂရမ်းမင်းကို စတင်လေ့လာသူ တစ်ယောက်အတွက် Python ဟာ တကယ်ကောင်းတဲ့ programming language လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။
ပညာရေး အတွက်ကော..?

အဝေးသင် ပညာရေးစနစ်ကို အစစ်အမှန် ဆောင်ရွက်ပေးနိုင်တဲ့ နေရာကတော့ အင်တာနက်ပါပဲ။ ယနေ့ကာလမှာ ဘွဲ့အမျိုးမျိုး၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု certificate တွေကို online ကနေ ခင်ဗျား သင်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် online သင်ယူမှု တွေကတော့ တစ်နေရာနဲ့ တစ်နေရာ မတူညီနိုင်ပါဘူး။ ဒါတွေကို ဘယ်လိုသိရှိနိုင်မလဲ၊ Sloan-C Catalog မှာလေ့လာကြည့်ပါ။ သင်တန်းရဲ့ စည်းကမ်းတွေ၊ ပေးတဲ့ ဘွဲ့နဲ့ certificate အမျိုးအစားတွေ၊ ကျောင်းအမျိုးအစားတွေကို စုံစုံလင်လင် တင်ပြပေးထား ပါတယ်။
ခင်ဗျားအနေနဲ့ ဘွဲ့ရဖို့ မရည်ရွယ်ဘူး။ သိနားလည်ဖို့ လေ့လာတာပါ ဆိုရင်တော့ YouTube EDU ကို လက်မလွှတ်သင့်ဘူးလို့ ပြောရမယ်။ အဲဒီမှာ နာမည်ကြီး ကောလိပ်တွေ၊ တက္ကသိုလ်တွေက ပါမောက္ခကြီးတွေရဲ့ တွေ့ဆုံမေးမြန်းခန်းတွေ၊ သင်ရိုးတွေ၊ သင်ခန်းစာ ပို့ချမှုတွေကို စုံစုံလင်လင် ကြည့်ရှုလေ့လာနိုင်မှာပါ။
နိုင်ငံခြားဘာသာ
နိုင်ငံခြားဘာသာ အတွက် လမ်းညွှန်ပေးတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်မရှိပဲ audio clip တွေနဲ့ ပြည့်ပြည့်စုံစုံ လမ်းညွှန်းထားတဲ့ ဆိုက်တချို့ကို ဖော်ပြရမယ်ဆိုရင် . . .
Chinese-Tools.com ကတော့ မန်ဒရင်း တရုတ် ဘာသာစကားကို အသံထွက် သာမက ရေးသားပုံ အဆင့်ဆင့် ကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

About.com's French Language ကတော့ စတင်လေ့လာတဲ့ သူတွေအတွက် သင်ခန်းစာတွေ အပြင် အခြား စိတ်ဝင်စားဖွယ်ရာတွေ ဓလေ့သုံး စကား အသုံးအနှုန်းတွေကို လေ့လာနိုင်တဲ့ ဆိုက် တစ်ခု လို့ ဆိုရမယ်။
ယနေ့ နဲ့ မနက်ဖြန်လို့ အဓိပ္ပါယ်ရတဲ့ Oggi e Domani ကတော့ အီတာလျံ ဘာသာစကားကို လေ့လာချင်သူတွေ အတွက် သင့်တော်တဲ့ ဆိုက်တစ်ခုလို့ ပြောနိုင်ပါတယ်။
ရုရှဘာသာ အတွက်ဆိုရင်တော့ Russian Lessons.net နဲ့ Learning Russian.net က သင့်တော်တဲ့ ဆိုက်တွေပေါ့။ ဒီနှစ်ခုမှာ Learning
Russian.net က ခမ်းခမ်းနားနား ရှိလှတယ်။ ဒါပေမယ့် Russian Lessons.net ကတော့ ပိုပြီး ပြည့်စုံတဲ့ အချက်အလက် တွေ ပါဝင်ပါတယ်။
Hardware တွေ ဘယ်လို upgrade လုပ်မလဲ..၊ ပြင်ဆင်မှုတွေ၊ တပ်ဆင်မှုတွေကို ဘယ်လို ဆောင်ရွက်မလဲ..၊ ဘယ် software တွေက ဘာအတွက် ကောင်းတာလဲ..၊ ဒါတွေသိချင်တယ် ဆိုရင်တော့ PC World ရဲ့ How To က အကောင်းဆုံး လမ်းညွှန် ပါလိမ့်မယ်။ အကြောင်းအရာအလိုက် ခွဲခြားတင်ပြ ထားမှုတွေကို video တွေ၊ slide show တွေ စုံစုံလင်လင်နဲ့ လမ်းညွှန်ထားပုံက swapping out a PC's processor ကနေ Microsoft Office ကို ဘယ်လို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တယ် ဆိုတာအထိ ပါဝင်ပါတယ်။

ခင်ဗျား ကွန်ပြူတာ ပရိုဂရမ်းမင်းနဲ့ ပါတ်သက်ပြီးတော့ကော လေ့လာ သင်ယူချင်သေးလား..? ဒါဆိုရင် အင်္ဂလိပ် ပရိုဂရမ္မာ Alan Gauld ရဲ့ Learning to Program ကို ဖတ်ကြည်ပါ။ မြောက်မြားစွာသော ပရိုဂရမ်းမင်း ကျူတိုရီရယ် တွေကို online ပေါ်မှာပဲ တိုက်ရိုက်သင်ယူ နိုင်ပါလိမ့်မယ်။ သူရေးထားတာ ရှုပ်ထွေးမှု မရှိပါဘူး။ ခင်ဗျားအလွယ်တကူ နားလည်သဘောပေါက် နိုင်မှာပါ။ သူကတော့ Python အကြောင်း ရေးထားတာပါ။ ပရိုဂရမ်းမင်းကို စတင်လေ့လာသူ တစ်ယောက်အတွက် Python ဟာ တကယ်ကောင်းတဲ့ programming language လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ကြပါတယ်။
ပညာရေး အတွက်ကော..?

အဝေးသင် ပညာရေးစနစ်ကို အစစ်အမှန် ဆောင်ရွက်ပေးနိုင်တဲ့ နေရာကတော့ အင်တာနက်ပါပဲ။ ယနေ့ကာလမှာ ဘွဲ့အမျိုးမျိုး၊ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှု certificate တွေကို online ကနေ ခင်ဗျား သင်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် online သင်ယူမှု တွေကတော့ တစ်နေရာနဲ့ တစ်နေရာ မတူညီနိုင်ပါဘူး။ ဒါတွေကို ဘယ်လိုသိရှိနိုင်မလဲ၊ Sloan-C Catalog မှာလေ့လာကြည့်ပါ။ သင်တန်းရဲ့ စည်းကမ်းတွေ၊ ပေးတဲ့ ဘွဲ့နဲ့ certificate အမျိုးအစားတွေ၊ ကျောင်းအမျိုးအစားတွေကို စုံစုံလင်လင် တင်ပြပေးထား ပါတယ်။

နိုင်ငံခြားဘာသာ
နိုင်ငံခြားဘာသာ အတွက် လမ်းညွှန်ပေးတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်မရှိပဲ audio clip တွေနဲ့ ပြည့်ပြည့်စုံစုံ လမ်းညွှန်းထားတဲ့ ဆိုက်တချို့ကို ဖော်ပြရမယ်ဆိုရင် . . .


About.com's French Language ကတော့ စတင်လေ့လာတဲ့ သူတွေအတွက် သင်ခန်းစာတွေ အပြင် အခြား စိတ်ဝင်စားဖွယ်ရာတွေ ဓလေ့သုံး စကား အသုံးအနှုန်းတွေကို လေ့လာနိုင်တဲ့ ဆိုက် တစ်ခု လို့ ဆိုရမယ်။



Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့