ခဏလေး ရွာခဲ့ပေမယ့် တစ်ဘ၀လုံး စိုသွားတယ် . . .။


အဲဒီနေ့က . . .
ကွန်ကရစ်လမ်းမကြီး တလျှောက်
ငါတစ်ယောက်တည်း
လမ်းလျှောက်လို့ လာခဲ့တယ်။
အဖေါ်မပါ,ပါဘူး...။
ကောင်းကင်မှာ ကြယ်တွေလင်း
လမင်းက ၀င်းပပ. . .
လမ်းနဘေး ကန်ရေပြင်ဆီက
နွဲ့လျလျလေပြည်သွေး
ငါ့ကိုလာပြီး
ကလူကျီစယ် . . .
ငါမပျော်ရွှင်ခဲ့ပါဘူး။


လေပြည်သွေးနှင့် လမင်းငယ်
အားနာလို့ ထင်ပါရဲ့ . . .
ရှောင်ဖယ်လို့ တိမ်းကွယ်သွား
ရုတ်ချည်းဆို မိုးမှောင်ကျ
ငါ့မျက်ရည်တွေ ကာကွယ်ဖို့
အမ္ဗုန်မောင် မိုးမင်းက
သဲသဲမဲမဲ ရွာချလိုက်တယ်။

ခဏလေးရွာခဲ့ပေမယ့်
တစ်ဘ၀လုံးစိုသွားတယ် . . .။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1