ပဋိပက္ခ

လူတစ်ချို့က အကောင်းဆုံးသော အရသာရှိသည့် စားကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင်ပြင်ဆင် ချက်ပြုတ်ပြီး အရသာခံစား၍ ကိုယ်တိုင် စားသုံးကြသည်။ ဘယ်သူ့ကိုမှ ဖိတ်ခေါ်ခြင်းမရှိခဲ့၊ "ဒီလူနှယ်၊ တစ်ကိုယ် ကောင်း ဆန်လိုက်တာ၊ အစားကောင်း စားရရင် မိတ်ဆွေကောင်းကို သတိရတတ်ကြတယ်၊ သူ့မှာ မိတ်ဆွေကောင်း မရှိဘူးထင်ပါရဲ့၊" လို့ အပြစ်တင် မစောပါနှင့်။ သူဒီလို ခံစားခွင့်ရဖို့ ဘယ်လောက် ကြိုးစား ခဲ့ရလဲ။ လေ့လာ ကြည့်လိုက်ပါ။ သူ့ကိုနားလည် နိုင်ပါလိမ့် မယ်။

လူတစ်ချို့ကတော့ စာကောင်း သောက်ဖွယ်ရာများကို ကိုယ်တိုင် အပင်ပန်းခံ ချက်ပြုတ်ပြီး ခင်ရာမင်ရာ ဆွေမျိုး အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်များကို ဖိတ်ခေါ်ကျွေးမွေး တတ်သည်။ ကိုယ်တိုင်ကတော့ ထူးထူးကဲကဲ ခံစားလေ့ မရှိ၊ "ဒီလူနှယ် မိုက်ရန်ကော၊ ဒီလောက် အပင်းပန်းခံ ချက်ပြုတ်ပြီးမှ အလကား သူများကို လျှောက်ကျွေးပစ်တယ်။ ကိုယ်လဲစားတာ မဟုတ်ဘူး၊ အလကား အချိန်ကုန်ခံ၊ ငွေကုန်ခံလို့၊ လူမိုက်ပဲ" လို့ အပြစ်တင် မစောစေလိုပါ။ သူမှာ အလွန်ကောင်းမွန်သော ရသာကို ခံစားခဲ့ရပါသည်။ ထိုအရာက ပီတိ ဖြစ်ပါသည်။ သူ့အတွက်တော့ ဘာနဲ့မှ မလဲနိုင်သော အရသာပင် ဖြစ်ပါသည်။

ထို့သို့ အပြစ်တင်တတ် သူများကိုလည်း အပြစ်မတင်ပါနှင့်၊ သူတို့၏ အမြင်များကို ထုတ်ဖေါ်ခြင်းသာ ဖြစ်ပါသည်။ အခြေအနေ တစ်ခုလုံးကို သူတို့ပြောင်းလဲ မပစ်နိုင်ပါ။ အခြေအနေကို ပြောင်းလဲနိုင်စွမ်း သူတို့သည် အပြစ် မပြောတတ်ကြပါ။

လူတိုင်းသည် မိမိယုံကြည်ရာ အမြင်နှင့် ရပ်တည်နေကြသည်။ မတူခြားနားသော အမြင်များက လူ့ပါတ်ဝန်းကျင် ကို ထိန်းညှိပေးထားသည်။ လူအားလုံး အမြင်တစ်ခုတည်း ဖြစ်နေလျှင် ကမ္ဘာကြီး တစ်ဖက်ဆောင်းနင်း ဖြစ်ပြီး သက်ရှိလောကကြီး ပျောက်ကွယ်သွားနိုင်သည်ဟု ကျွန်တော်ယူဆပါသည်။

ကျွန်တော်၏ အယူအဆကို အပြစ်မတင်ပါနှင့်။ ကျွန်တော်၏ အမြင်သာ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကယ်၍ အပြစ်မြင်သူများ ရှိပါကလည်း ကျွန်တော် အပြစ်မတင်ပါ။ ကျွန်တော်၏ အမြင်ကို အပြစ်ရှိသည်ဟု သူထင်မြင်သောကြောင့် ဖြစ်ပါလိမ့်မည်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1