ခင်ဗျားနေ့စဉ် တွေ့မြင်နေကြ စာသင်ခန်းတွေမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာ သင်ယူနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ နေထိုင်မှုစနစ်(လူနေမှုဘ၀)ကို ပိုမိုကောင်းမွန်အောင် ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဆိုတာကိုတော့ စာသင်ခန်းထဲက သင်ခန်းစာ တွေက အပြည့်အ၀ လမ်းညွှန် ပေးနိုင်ပါ့မလား။ Real Simple မှာ ခင်ဗျားရဲ့ အိမ်တွင်းမှုဆိုင်ရာ ပြင်ဆင် ဆောင်ရွက်သင့် တာတွေ လမ်းညွှန်မှုပေးထာပုံကို အံမခန်း တွေ့မြင် ရမယ်လေ။ သေသပ်ကောင်းမွန်တဲ့ နေထိုင်မှုပုံစံကို နာရီဝက် အတွင်းမှာပဲ လမ်းညွှန် ပေးနိုင်တဲ့ Daily Quick-Cleaning Checklist ကလည်း လေ့လာသင့်တဲ့ ဆိုက်တစ်ခုလို့ ဆိုပါရစေ။ အိမ်တွင်းအလှအပ ဆင်တာက အစ မိမိအိပ်ရာကို ဘယ်လိုပြုပြင်သင့်တယ် အဆုံး လမ်းညွှန်မှုပေးထားတဲ့ WikiHow ရဲ့ how to make your bed ကတော့ အိမ်ရှင်မတွေ အတွက် လေ့လာသင့်တဲ့ ဆိုက်တစ်ခုပါပဲ။
FoodNetwork.com, Epicurious နဲ့ RecipeSource တို့ကတော့ အိမ်မှာရှိနေတဲ့ ချက်ပြုတ်ဖွယ်ရာတွေကိုပဲ ဘယ်လို အရသာရှိရှိ ကောင်းမွန်အောင် ချက်ပြုတ်မလဲဆိုတာကို လမ်းညွှန်မှု ပေးနေတာပါ။ တစ်နှစ်ကို 35$ လောက် တတ်နိုင်တယ် ဆိုရင်တော့ Cook's Illustrated က စိတ်ရှုပ်ဖွယ်ရာ ကြော်ငြာတွေ လုံးဝမပါတဲ့ အကောင်းဆုံးချက်ပြုတ်မှု နည်းစနစ်တွေကို ခင်ဗျားဆီ မှန်မှန်ပေးပို့ နေမှာ ဖြစ်ပါတယ်။
ခင်ဗျားရဲ့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အကူအညီလိုနေသလား၊ ကိုယ်ရဲ့ငွေကြေးကို ဘယ်လိုအသုံးချ မလဲ၊ ဘယ်လိုရင်နှီး မြုတ်နှံသင့်လဲ ဆိုတာကို Motley Fool ကအကြံကောင်းတွေ ပေးနိုင်ပါတယ်။
ခင်ဗျားဝန်ထမ်းဘ၀က အငြိမ်းစားယူဖို့ စဉ်းစားနေပြီလား၊ ဒါဆိုရင် အနာဂါတ်အငြိမ်းစားဘ၀ လူနေမှုပုံစံကို ခင်ဗျားဘယ်လို ဖြတ်သန်းသင့်လဲ ဆိုတာကို Labor Department's Consumer Information on Retirement page ကို လေ့လာကြည့်ပါ။ မေးခွန်းများစွာ အတွက် လမ်းညွှန်မှုတွေ ပေးထားပါတယ်။


PC World ရဲ့ How to Learn Anything on the Web ဆောင်းပါးကို နားလည်သလို ပြန်ဆိုရေးသားထားခြင်း ဖြစ်ပါသည်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့