Tweet Search ပါဝင်လာသော Twitter ပုံစံသစ်

Twitter မှာ real time search service ထပ်တိုးလိုက်ပါပြီ၊ စကားစု တစ်ခုရိုက်ထည့် လိုက်တာနဲ့ အဲဒီစာနှင့် သက်ဆိုင် တဲ့ latest tweets တွေကို ဖေါ်ပြပေးတော့မှာ ဖြစ်ပါတယ်။ ဒါဟာ register လုပ်မထားတဲ့ user တွေလဲ tweets တွေကို ရှာဖွေကြည့်ရှုလို့ ရတော့မှာပါ။ ဒါပေမယ့် အဲဒီ service တွေကို twitter home page မှာပဲ ပေးထားပြီး user home page မှာ မပါဝင်ပါဘူး။

အရင်က follower တွေသာလျင် သက်ဆိုင်ရာ message တွေကို မြင်ရပြီး ဘယ်သူတွေ ဘာတွေ ပြောနေကြလဲ ဆိုတာကို မသိနိုင်ဘူး။ အခုတော့ ဘယ်သူတွေက ဘာတွေပြောလဲ ဘယ်အကြောင်းအရာတွေ ပေါ်ပြူလာဖြစ်လဲ ဆိုတာကို twitter က real time ထုတ်ပြန်ပေးပြီ ဖြစ်ပါတယ်။

ကျွန်တော်ဗမာလို ရိုက်ရှာကြည့်တယ်။ စကားလုံး တော်တော်များများရှာ မရဘူး။ ဒါနဲ့ တော်ပြီကွာ။ စိတ်ညစ် သွားပြီ ဆိုပြီး စိတ်ညစ်တယ်လို့ ရိုက်လိုက်တော့မှပဲ latest tweets တွေ့ရတော့တယ်။ ဒါပေမယ့် သိလိုက်ရ ပါတယ်…။ လူတွေ အကြောင်းအမျိုးမျိုးနဲ့ မပျော်တဲ့ အခါ အွန်လိုင်းနဲ့ website တွေဟာ ဖွင့်ချရာ နေရာတစ်ခု ဖြစ်လာနေပြီ ဆိုတာလေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1