
ဒါပေမယ့် ဒါဟာ မသေချာတဲ့ ကိစ္စတစ်ခုပါ။ ဘာကြောင့်လဲဆိုရင် user တွေဟာ ယနေ့ကာလမှာ search ဆိုရင် google ကိုသာ မြင်နေတတ်ပါပြီ။ အကျွမ်းဝင်မှုဆိုတာ သိပ်အရေးပါတဲ့ အကြောင်းတစ်ရပ်ပါပဲ။ Bing Search ဟာ Google search ကိုကျော်လွှားနိုင်ဖို့ဆိုရင် များစွာပြင်ဆင်မှုတွေ လုပ်ရဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော်အမြင် အရ Bing search ဟာ Yahoo search ထက်တော့ သာတယ်လို့ ယူဆပါတယ်။ နောက်တစ်ခုကတော့ ယနေ့ user တွေဟာ google ရဲ့ service တွေနဲ့တော်တော် ရင်နှီးကျွမ်းဝင်နေပါပြီ။ ဥပမာ blogger, google pages, i-google, google group, ဆိုတာတွေကို စွဲစွဲလန်းလန်း သုံးဆွဲနေပြီး၊ google ကလဲ သူ့ application တွေရဲ့ စွမ်းဆောင်ရည်ကို တစ်နေ့ထက်တစ်နေ့ ပိုပြီးကောင်မွန်အောင် ဆောင်ရွက်လာမှုကြောင့် တွဲဆက်နေတဲ့ google search ဆိုတာ မဖြစ်မနေသုံးရမယ့် အရာလို့မြင်နေကြပါပြီ။ ဒီအမြင်ကို ဖျောက်ပြီး အခြားစိမ်းနေတဲ့ အရာတစ်ခုကို ပြောင်းသုံးဖို့ စိတ်ဝင်စားမှု ဘယ်လောက်ရှိနိုင်မလဲ။
အကျွမ်းဝင်ပြီးသား အရာတစ်ခုဆိုတာ ဖျောက်ဖို့ခက်လှပါတယ်။ ကျွန်တော်ကိုတိုင်လည်း online ပေါ်တက်ပြီ ဆိုရင် ဘာလုပ်မယ်လို့ စိတ်ကူးမရှိတောင် browser ပေါ်မှာ google.com ဆိုတာလက်က အလိုလိုရိုက်ပြီးသား ဖြစ်နေ တတ်တယ်။ ဘာသိချင်လဲ google မှာ အားလုံးရှိတယ် ဆိုတဲ့အမြင်ကို Microsoft နဲ့ Yahoo တို့ တကယ် ပြောင်းလဲနိုင်ပါ့မလား။ စောင့်ကြည့်တာပေါ့ဗျာ။
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့