ဂျပန်စက်ရုပ်မလေး Mimu

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျပန်စက်ရုပ်မလေး Mimu ဟာ သတို့သမီးပုံစံဖြင့် မင်္ဂလာဝတ်စုံကို ဆင်မြန်းပြီး Osaka မြို့တော် ဖက်ရှင်ရှိုးမှာ စတင်ပြီး catwalk လျှောက်ပြခဲ့ ပါတယ်။ ၁၀မီတာ လျှောက်လမ်းကို အမှားအယွင်းမရှိ လျှောက်ပြခဲ့သလို
လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ် ကိုလည်း ကြည်သာခွန်းချို နှုတ်ဆက်စကားကို ပြုံးပြုံးလေး ပြောခဲ့ပါသေးတယ်တဲ့။ ဒီနေ့ သမီးမင်္ဂလာ ၀တ်စုံကို ဆင်မြန်းပြီး ပရိတ်သတ် ရှေ့မှောက် ရောက်ခဲ့ပါပြီ။ သမီးအရမ်း ပျော်ရွှင် မိပါတယ် ဆိုပဲ။

Minmu လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်လေးရဲ့ မူလအမည် သတ်မှတ်ချက်က HRP-4C ပါတဲ့၊ ဒီစက်ရုပ်ကို ဖန်တီးတဲ့ အဖွဲ့ခေါင်းဆောင် ပါမောက္ခ Yokoi Kazuhito ကတော့ ဒီနေ့ဟာ သူသမီးရဲ့ မင်္ဂလာအခမ်းအနားကို ကျင်းပပေးသလို ခံစား ခဲ့ရပါသတဲ့။



စက်ရုပ်မလေး Mimu ဟာ ကိုယ်အလေးချိန် ၄၃ကီလိုဂရမ် ရှိပြီး၊ အရပ်ကတော့ ၁၅၈ စင်တီမီတာ ရှည်ပါတယ်။ ဒီနေ့ပွဲမှာ လာရောက်ကြည့်ရှုသွားတယ် မော်ဒယ် တွေက Mimu ဟာသူတို့နေရာ ၀င်ယူသွားမှာ ကိုတောင် စိုးရိမ်မိတယ်လို့ ဆိုကြတယ်။

ကဲ....ဂေါ်မစွန် လူပျိုကြီးတွေအတွက် စက်ရုပ်မ လေးတွေ လာပါပြီ။
:P

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1