လူသားဦးနှောက်အတု သို့မဟုတ် Blue Brain

ကမ္ဘာ့ ပထမဦးဆုံးသော လူသားဦးနှောက် အတုကို လာမယ့် ဆယ်နှစ်တာ ကာလအတွင်း ဖန်တီးနိုင်တော့မယ် လို့ ဆိုပါတယ်။ သန်းပေါင်းများစွာသော neuron တို့၏ ပြုမူ ဆောင်ရွက်ပုံ နဲ့ တုန့်ပြန်မှုတို့ကို ကွန်ပြူတာဖြင့် လေ့လာခဲ့ ပြီး နောက် reverse-engineering စနစ်ကို အသုံးချကာ နို့တိုက် သတ္တ၀ါတို့၏ ဦးနှောက်ကို ဖန်တီးနိုင်ဖို့ သိပ္ပံ ပညာရှင်များက Blue Brain Project ကို ၂၀၀၅ခုနှစ် မေလမှာ စတင်ခဲ့ပါတယ်။

ဒီပရောဂျက်ကို ဦးဆောင်တဲ့ ပါမောက္ခ Henry Markham နဲ့ အဖွဲ့ဟာ နို့တိုက်သတ္တ၀ါတို့ရဲ့ အသိဥာဏ်နဲ့ လုပ်ဆောင်မှုတွေကို အဓိကထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ neocortex လို့ခေါ်တဲ့ အစိပ်အပိုင်းကို စတင် ပုံဖေါ် နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ သူတို့အဖွဲ့ဟာ ရှေးဦးအနေနဲ့ ကြွက်တွေရဲ့ neocortex နဲ့ အလားသဏ္ဍာန်တူတဲ့ ဦးနှောက်ဆဲလ် ၁၀,၀၀၀ ကို 3D ပုံစံတူတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီဆဲလ်တွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး အချက်အလက်တွေ ကို တစ်ခုကနေ တစ်ခုဘယ်လို ပို့ဆောင်နေတယ် ဆိုတာဟာ သိပ်ကိုအရေးပါတဲ့ အချက်ပါပဲတဲ့။

ဒီပရောဂျက်ကို ဆောင်ရွက်ဖို့ ပါမောက္ခ Markham ဟာ IBM Blue Gene supercomputer ကို သုံးဆွဲခဲ့ ပါတယ်။ ဒါကို laptop နဲ့သာ စမ်းသပ် ဆောင်ရွက်မယ် ဆိုရင် neuron တစ်ခုရဲ့ လုပ်ဆောင်ချက်တွေကို တွက်ထုတ်ဖို့ laptop တစ်လုံးလိုမှာ ဖြစ်တဲ့အတွက် neuron ၁၀,၀၀၀ အတွက်ဆိုရင် laptop တစ်သောင်း လိုမှာပါတဲ့။

ဦးနှောက်အတုဟာ လက်တွေ့ဖြစ်စဉ်တွေကို ဘယ်လိုမှတ်သားမှုတွေ လုပ်မယ်၊ ဘယ်လိုသိမ်းဆည်းပြီး ဘယ်လို တုန့်ပြန်မှုတွေပေးမယ်၊ ဘယ်လိုအကျိုးဆက်တွေ ရရှိလာမယ် ဆိုတာကို သိပ္ပပညာရှင်တွေက လေ့လာနေကြ ပါတယ်။ ဦးနှောက်အတု ဖန်တီးရခြင်း ရည်ရွယ်ချက်တစ်ခုကတော့ ဦးနှောက်ဆိုင်ရာ ရောဂါကုသမှုတွေကို လေ့လာနေတဲ့ ဆရာဝန်များအတွက် စမ်းသပ်မှုတွေ ပြုလုပ်တဲ့နေရာမှာ တိရစ္ဆာန်တွေကို အသုံးမချပဲ ဆောင်ရွက်နိုင်ရန် ဖြစ်ပါတယ်လို့ ပရောဂျက်အဖွဲ့ ဆိုပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1