ပြန်ရေးမိတဲ့နေ့

ဖုန်းအင်တာနက် ရကတည်းက မရေး ဖြစ်တော့ဘူး။ ရေးလို့မှ မရခဲ့တာလေ။

ပြန်ရေးမယ် အကြိမ်ကြိမ် ကြိုးစားတိုင်း စိတ်သာရောက်ပြီး လက်မရောက်ခဲ့ဘူး။ ဒီနေ့ ကြုံလို့ ရေးလိုက်ပြန်ပြီ။ 



Ooredoo ကြော်ငြာတွေ မြင်ပြီး ရင်ခုန်ခဲ့တဲ့ စိတ်တွေ ကြက်ပျောက် ငှက်ပျောက်၊ ထင်သလို ရင်ခုန်စရာမှ မကောင်းပဲလေ။ call price ကတော့ လက်ရှိထက် သက်သာတယ် ဆိုပေမယ့် ဘယ်သူကမှ တစ်ချိန်လုံး ဖုန်းပြောနေတာမှ မဟုတ်ပဲ။ data price ကတော့ စီးပွားပျက်ကိန်း။ ဆက်သွယ်ရေးဝန်ကြီးက အတိအလင်း ပြောသွားတာပဲ။ ဈေးကွက်ကို ယှဉ်ပြိုင်ဖို့ အတွေအကြုံမရှိဘူး ဆိုလေတော့ ဘယ်လိုတွေများ ညှိနိုင်းထားလေမလဲ။ 


အရပ်သားအစိုးရလို့ ပြောတဲ့အချိန်က စပြီး အများဆုံးတွေ့မြင် ရတာက ဆန္ဒပြပွဲတွေ။ ရခိုင်က စလို့ ဖြစ်လာတဲ့ ပြသနာတွေ မရိုးနိုင်ခဲ့တာ အခုမန္တလေး ကိစ္စကြီးတော့ ငြိမ်နေလေရဲ့။ ၂၀၁၅ နီးလာလို့ အလုပ်တွေ ရှုပ်နေကြလို့လား။ 


တလာက ငလျင်လှုပ်သွားတာ တိုက်တွေစောင်းသွားတယ်တဲ့။ မြန်မာပြည် ကြီးတော့ မစောင်းပါစေနဲ့။ 

 
ဒီနေ့ ပွဲဦးထွက် မန်ယူရှုံးတယ် စိတ်ပျက်မိပါရဲ့။ ကစားသမား ဟိုလူဝယ်မယ်၊ ဒီလူ ၀ယ်မယ်။ ပြောတာကတော့ နှစ်တိုင်း၊ ပွဲသာပြီးသွားတယ်၊ ထူးခြားမလာခဲ့ဘူး။ 

ငါလည်း အခုထိ အကောင်းမြင်တတ်တာ တစ်ခုမှ မရှိသေးဘူး။ ငရဲနဲ့ ဝေးအောင် ကြိုးစားရဦးမယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1