blogging မလုပ်နိုင်ခဲ့တာ နှစ်ပေါက်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးတွေကြောင့်ပဲလို့ ဆိုရမှာပေါ့။ အပျင်းကြီးတာတော့ မဟုတ်ပါဘူး။ အခြေအနေကကို မပေးတော့တာ။ အရင်တုန်းက ကျွန်တော်စာရေးရင် တော်တော်လေးဒုက္ခခံပြီး ရေးခဲ့ရတာပေါ့။ ရေးဖို့လည်း အချိန်ရခဲ့တယ်။ ရေးချင်စိတ်လည်း ရှိခဲ့တယ်။ အဓိက အခက်အခဲကတော့ ကျော်ရခွရခြင်းပဲ။ ခေတ်ကမကောင်းခဲ့ဘူးလေ Myanmar Internet Service Provider ကြီးက blogger.com ကို ပိတ်ထားခဲ့တာကိုး။ ရနိုင်တဲ့ နည်းလမ်းမှန်သမျှနဲ့ အောက်ကတိုး အပေါ်ကကျော်နဲ့ တော်တော်လေး အားထုတ်ခဲ့ရတယ်။ နောက်ကိုယ်ပိုင် အင်တာနက်လိုင်း မရှိလေတော့ အင်တာနက်ဆိုင်တွေမှာ သွားရေးရတာဆိုတော့ ရေးချင်တာတွေ offline ပြင်ပြီးမှ သွားတင်ရတာပေါ့။
၂၀၁၁ မှာတော့ အဲဒီလိုလုပ်ဖို့ အခွင့်အရေးမရတော့ဘူး။ နောက်ပိုင်းဖုန်းတွေမှာ internet service တွေပေးပြီဆိုပြန်တော့ ကြိုးစားကြည့်ပေမယ့် မည်ကာမတ္တ service ဆိုတော့ ဟိုဒီကြည့်ရုံထက် ဘာမှပိုမရခဲ့ဘူး။ ကျော်ဖို့ဆိုတာ ပိုဝေးလေရော။ ဒါပေမယ့် အခုနှစ်ကုန်ပိုင်းမှာတော့ ခေတ်ပြောင်းသွားပြီ ဆိုရမလား။ blogger ကြီးပြန်ပွင့်လာပြီ။ ဒါပေမယ့် လိုင်းကရေးနိုင်လောက်အောင် မတက်။ တက်လာတဲ့အချိန်က မရေးနိုင် သံသယာလည်နေတော့ တာပဲ။

ဒီနေ့တော့ blogger.com ကိုဝင်လိုက်တော့ တန်းကနဲ ၀င်သွားတာနဲ့ ငြီးညူတဲ့ post တစ်ပုဒ် တင်လိုက်ပါပြီ။ နောက်နောင်များလည်း အကြောင်းတိုက်ဆိုင် အခါအခွင့်သင့်သလို ရေးဖို့ ဆုံးဖြတ်ထားပါတယ်။ ရေးပါဦးမယ်။
စကားမစပ်...
ဒီနေ့ boxing day မှာ
- မန်ယူနိုင်တယ်
- မန်စီးတီးသရေကျတယ်
- ချဲလ်ဆီးသရေကျတယ်
- လီဗာပူးလ် လည်းသရေကျတယ်.....
Bravo Manchester United. Get great score in new year!
![]() |
နောက်ဆုံးရလဒ် |
ဘောလုံးပွဲနိုင်လို့ရေးတာကိုး.
ردحذفဟုတ်ပတော်
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့