ဒီနေ့ မဲပေးခဲ့တယ်

ဒီနေ့ အလုပ်အားနေတော့ မနက် ၉နာရီလောက်မှ အိပ်ရာကထ၊ ရေချိုးပြီး အောက်ကို ဆင်းလာ လက်ဖက်ရည် သောက် ထုံးစံအတိုင်း ဟိုဒီငေးပေါ့။ လူတွေစုစု မြင်တော့မှ သြော်ဟုတ်သား ဒီနေ့ မဲပေးရမှာ ပါလား ဆိုပြီး အိမ်ပေါ်ပြန်တက် မှတ်ပုံတင်ယူ၊ မဲပေးရမယ့် စလစ်ပြားလေးယူပြီး၊ မဲရုံကို ထွက်လာခဲ့ပါတယ်။ လမ်းမှာ ပေးပြီးတဲ့သူတွေ ပေးမယ့်သူတွေ အပြန်အလှန်ပြောဆို နေကြတာလဲ ကြားလိုက်ရဲ့။ ခပ်ရွယ်ရွယ် (အသက် ၄၀ကျော်လို့ ထင်ရတဲ့) အမျိုးသမီး နှစ်ယောက် ပြောနေကြတာ ဟေ့… ညည်း ဘာပေးမှာလည်း။ အခု ဘယ်သူ့မေးလိုက် မေးလိုက် ခမောက်ဆိုပဲ၊ ငါတို့လည်း ခမောက်ပဲ ပေးကြတာပေါ့ မိုးလုံလေလုံပေါ့အေတဲ့။

အင်း…သူ့အတွေးနဲ့သူတော့ ဟုတ်နေကြတာပဲ။ ကျွန်တော်လည်းမဲ ရုံထဲသွား၊ စလစ်ပြားလေးပေး လက်မှတ်ထိုး မဲပြားပေါ်မှာ မခွဲခြားချင်ပေမယ့် စိတ်ထဲပေးချင်နေတဲ့ ပါတီက ၃နေရာလုံး မရှိဘူးဗျာ။ ဒီတော့ ကွန်တော်ကြိုက်တဲ့ အရောင်ပဲ ရွေးပြီးပေးလိုက်ပါတယ်။

1 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. နောက်တစ်ခေါက်ရွေးကောက်ပွဲရှိလာအုံးမယ်ဆိုရင်တော့ မဲပေးဖို့ အခွင့်အရေးရမယ်ထင်ပါ့.....။

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1