ရွေးကောက်ပွဲကြီး နီးလာပြီ။ ကျွန်တော် မြင်တွေ့ရသလောက်တော့ premier league လောက် ဘယ်သူမှ စိတ်မ၀င်စား သလိုပဲ။
စာနာနားလည်မှု ပေးတဲ့အခါ အခွင့်အရေးကို အလွဲသုံးလိုသူတွေပဲ တွေ့ရတာများတော့ စိတ်ပျက်စရာ ဖြစ်လာတယ်။
ပြတ်သားစွာ ပြောဆိုဆက်ဆံတော့ မောက်မာတယ်ဆိုကြပြန်ရော။
အစည်းအဝေးဆိုတာ ညှိနိုင်းဆွေးနွေးဖို့ မဟုတ်ပဲ အပြစ်ရှာဝေဖန်ဖို့ လုပ်ထားတဲ့ စကားဝိုင်းတစ်ခု ဖြစ်နေတဲ့အခါ အချိန်ပေး နားထောင်ရတာ ပျင်းစရာကောင်းတယ်။
ဆုံးဖြတ်ပြီးပြင်ချင်သလို ပြင်နေတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေရဲ့ အနှစ်သာရကဘာလဲ။
On Paper result ဆိုတာ သိပ်အရေးကြီးတယ် ပြောပြီး စာရွက်ပေါ်မှာ အချက်အလက်တွေကို လိမ်လည် ပြသနေရင် ကြည့်ရှုသူကို စော်ကားတာနဲ့ အတူတူပဲလို့ ထင်မိတယ်။
Positive ဆိုတာ အကောင်းသဘောဆောင်သလား အဆိုးသဘောဆောင်သလား သင်္ချာသင်ပြီး အခုထိ နားမလည်သေးဘူး။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့