ဒီဝဋ် ဘယ်တော့ကျွတ်မလည်း

post မတင်နိုင်တာ တော်တော်ကြာသွားပြီ။ တင်မယ်လို့ ကြံစည်လိုက်တိုင်း အဆင်ကို မပြေဘူး။ ဖြစ်နေတယ်။ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ကျွန်တော်တို့တတွေ တက်ညီလက်ညီ ချီတက် နေကြပေမယ့် google က အလကားပေးတဲ့ blogspot ကတော့ ခုချိန်ထိ ၀င်မရ၊ထွက်မရ ကျော်ခွနေရဆဲ။

blog စရေးကတည်းက blogspot လေးကိုပဲ ရေးလာတာဆိုတော့လည်း သံယောဇဉ်က မပြတ်နိုင်ဘူးလေ။ ကိုယ့်ဘာသာ hosting တွေ domain တွေလည်း ၀ယ်ပြီး မသုံးနိုင်ဘူး ဆိုလေတော့ ဟိုဘက်တိုးကြည့်လိုက် ဒီဘက်တိုးကြည့်လိုက်နဲ့ ဒီနေ့တော့ ကံအားလျော်စွာ ရေးလို့ ရသွားလေရဲ့။

ကျွန်တော့်ဒုက္ခ တော်တော် ကြီးပါတယ်ဗျာ။

3 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. တစ်ချိန်ချိန်ပေါ့။

    ردحذف
  2. http://anyarthar88.blogspot.com/2010/10/blog-post_04.html

    အသစ်လုပ်ထားတယ်.

    ဒီရက်ပိုင်း ကော်နက်ရှင်ကလဲ မကောင်းဘူးဗျာ။ Blogging ရတာလဲ ဘယ်လိုမှအဆင်မပြေဘူးဗျာ။ အရင်တုန်းကတော့ တော်တော်လေး အဆင်ပြေတယ် ။ 212 proxy ကိုသုံးတယ်။ အခုနောက်ပိုင်း အဲဒီ Proxy ကသုံးမရတော့ဘူး ။ ပြီးတော့ အပြင်မှာသုံးရတော့ ကိုယ်သုံး တဲ့ ဆိုင်တိုင်းမှာ yourfreedom ကလဲ မရှိဘူး။ Webproxy လေးတွေနဲ့သုံးနေရတယ်.။ Bypassglobal, ktunnel,ibypass,polysolve,jumboporxy စတာတွေစုံနေတာပဲ ။ ဘာတွေမှန်းလဲ မသိပါဘူးဗျာ ။ တစ်ခါတစ်လေ Reloading သာပြီးသွားတယ်။ ဘာမှပေါ်မလာဘူး ဗျောင်ကြီးပဲ။ တက်လိုက်ရတဲ့ Network Error (tcp error) ကလဲ မပြော လိုက်ချင်ဘူး..။

    ကဲ ဒီတော့ စဉ်းစားကြည့်တယ်။ ကိုယ့်နိုင်ငံအတွင်းမှာလဲ သုံးလို့ရမယ်။ Free လဲဖြစ်ရမယ်။ အပေါ့စားလွတ်လွတ်လပ်လပ်လေးလဲ ဖြစ်ချင်တယ်။ ဘာမှလဲ ကျော်ခွဝင်စရာမလိုတဲ့ Site ကလေးတွေ လိုက်ရှာကြည့်တယ်။ ဟဲဟဲ တစ်ခုတော့ တွေ့ထားတယ်ဗျ။ သူကတော့ အချိန်အကန့်သတ်မရှိဘူး(ပြောတာပါပဲလေ.) ။ Account တစ်ခုလောက် စမ်းဖွင့်ကြည့်တယ်။ နောက်ပြီး Post လေးတစ်ခုလောက် စမ်းတင်ကြည့်တယ်။ မဆိုးဘူးပဲဗျ... တော်တော်လေးတော့ အဆင်ပြေသားပဲ။ ရိုးရှင်းတယ် Post တင်တဲ့နေရာမှာ ကိုယ်လိုချင်တဲ့ ပုံစံကို အပေါ်မှာ ပေးထားတဲ့ Tool bar ကနေ Drag ဆွဲထည့်လိုက်ရုံပဲ.။ Code တွေသုံးစရာတောင်မလိုဘူး ။ ဒါပေမယ့် သူက အခုကျွန်တော်တို့ သုံးနေသလောက်တော့ Feature တွေတော့မစုံဘူးပေါ့.။ အပေါ့စား ရိုးရိုးလေးသုံးချင်တဲ့. သူတွေ အဖို့တော့ အဆင်ပြေလိမ့်မယ်လို့ ယုံကြည်တယ်။ ကျွန်တော်စမ်းလုပ်ထားတဲ့ Site ကလေးက www.weebly.com မှာပါ.။ ဆိုဒ်နာမည်က Days of alone ပါ. နောက်ပိုင်း ဒီမှာ Post တင်ရတာ ခက်ခဲတဲ့ အခါမျိုးကြရင် အဲဒီမှာပဲတင်တော့မယ်။ ဒီနေ့ နည်းနည်း ညနက်နေပြီ နောက်နေ့မှပဲ ဆက်ပြောတော့မယ်ဗျာ...


    ကဲ စာဖတ်ပရိတ်သတ်များ ဂွတ်နိုဒ်ပါ.
    မျှော်လင့်သူ

    ردحذف
  3. တစ်ခုခုပါ...


    pifpif

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1