ခေါင်းမရှိတဲ့ကောင် မှန်သွားပြန်ပါပြီ။


ထူးခြားတဲ့ ရေဘ၀ဲကောင်လို့ပဲ ပြောရမှာပေါ့။ ပေါလ် (Paul) လို့ ခေါ်ပါသတဲ့။ ဂျာမနီရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေ အားလုံးကို မှန်အောင် ဟောကိန်းထုတ်နိုင်လို့ ကမ္ဘာတ၀န်းက ဘောလုံးပရိတ်သတ်တွေ တော်တော်အံ့သြ နေကြတယ် ဆိုပဲ။ ဂျာမနီနဲ့ ပြိုင်ဘက်အသင်းတိုရဲ့ အလံကို ကန်နှစ်ကန်ခွဲပြီး ပေါလ်ကို ရွေးခိုင်းတဲ့အခါမှာ နိုင်မယ့်အသင်းကို အတိအကျမှန်အောင် ရွေးပေးနိုင်ခဲ့ပါတယ်တဲ့။

ဆားဘီးယားကို ဂျာမနီရှုံးမယ်လို့ ဘယ်သူထင်မလဲ၊ ဒါပေမယ့် အဲဒီနေ့က ဆားဘီယားဘက်ကနေ ရေဘ၀ဲကောင်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါသတဲ့။ အင်္ဂလန်နဲ့ ပွဲမတိုင်ခင်မှာ ရွေးခိုင်းတော့လည်း ချပေးလိုက်တာနဲ့ ဂျာမနီကန်ထဲကို တန်းတန်းမတ်မတ် ၀င်သွားပြီး ဂျာမနီဘက် ကနေရပ်တည်ခဲ့ပါသတဲ့။ အဲဒီပွဲမတိုင်ခင် အင်္ဂလန်က ပညာရှင်များက ဂျာမနီကို အင်္ဂလန်က 3-2 နဲ့နိုင်မှာ ဖြစ်ပြီး၊ ဂျာရက်ကနှစ်ဂိုး၊ ရွန်းနီကတစ်ဂိုး သွင်းမယ်လို့ ကွန်ပြူတာနဲ့ အဖြေထုတ်ခဲ့ပါသတဲ့။ ဂျာမနီဘက်ကတော့ သောမတ်(စ) မူလာနဲ့ ရှဝိန်းစတိုင်ဂါက ပြန်သွင်းမယ် ဆိုပဲ။ တကယ်ကန်တော့ အင်္ဂလန်ဟာ ဂျာမနီကို 4-1 နဲ့ ပြတ်ပြတ်သားသား ရှုံးသွားလေရဲ့။ ခေါင်းမရှိတဲ့ကောင် မှန်သွားပြန်ပြီပေါ့။

ဒီနေ့ အာဂျင်တီးနဲ့ ကွားတားပွဲအတွက် ဟောကိန်းထုတ်ခိုင်းတော့ အချိန်တော်တော်ကြာ စောင့်ဆိုင်းပြီးမှ ဂျာမနီကန်ထဲ ၀င်သွားပြန်ပါတယ်တဲ့။ ဒါကြောင့် မီဒီယာတွေကတောင် Paul ရဲ့ ဟောကိန်းအရ အချိန်ပို ပယ်နယ်တီထိ ရောက်သွားပြီးမှ ဂျာမနီနိုင်သွားနိုင်တယ်လို့ ကိုးကားကြတယ်ဆိုပဲ။

အခုရေးတဲ့ အချိန်မှာတော့ ဂျာမနီက 3-0 နဲ့ ပြတ်ပြတ်သားသား နိုင်နေပါတယ်။

ပွဲအပြီးရလဒ်... အာဂျင်တီးနား-0-4-ဂျာမနီ.။

စောစောကသာ ယုံခဲ့ရင် သူဌေးဖြစ်နေပြီ.... :biggrin:

4 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ဒီလိုမှန်းသိ စောစောက လာဖတ်ပါတယ်..း)

    ردحذف
  2. မျှော်လင့်ချက်ရှိသေးလား။

    ردحذف
  3. စောစောက အဲလိုရွေးပေးထားတဲ့ အကြောင်း မရေးပဲနဲ့
    ပွဲပြီးမှ မှန်တဲ့ အကြောင်း ရေးတော့ ဘာလုပ်ရမှာလဲ ...
    Paul ကို ချီးကျူးရုံ သက်သက်မျှသာ ... :)

    ردحذف
  4. ရေဘဝဲပြောတာကိုဖြင့်နားမထောင်ဘူး. နောက်တစ်ခါ နားထောင.် အချီကြီး................. အဲကျမှလွဲရင်တော့တြေ့ပီဆရာ.

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1