အလှူငွေပေးအပ်ပြီး မှတ်တမ်းလွှာ ပြန်ပေးတော့ တာဝန်ရှိသူ တစ်ဦးက ဆေးရုံနဲ့ပါတ်သတ်ပြီး လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် အချို့ကို ရှင်းပြပါတယ်။ ဒီဆေးရုံဟာ အစိုးရထောက်ပံ့မှု တစ်စုံတရာ မပါပဲ အများပြည်သူ လှူဒါန်းငွေနဲ့သာ ရပ်တည်နေတာ ဖြစ်ကြောင်း၊ အတွင်းလူနာ အဖြစ် သံဃာအပါးတစ်ရာနဲ့ သီလရှင်အပါး ၅၀ကို အတွင်းလူနာအဖြစ် လက်ခံကုသပေးကြောင်း၊ သံဃာတော်နဲ့ သီလရှင်များကို အခမဲ့ကုသပေးတဲ့အပြင် ဆွမ်း၊ သင်္ကန်း၊ အသုံးအဆောင် ပစ္စည်းကအစ လိုအပ်တာအားလုံးကို ပြည့်စုံအောင် ထောက်ပံ့ပေးကြောင်း၊ ကုသမှုခံယူပြီး ပျောက်ကင်းတဲ့ အခါမှာလည်း အပြန်ခရီး အတွက် စရိတ်ပါ ထောက်ပံ့ပေးတာ ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပျံလွန်တော်မူသွားတဲ့ လူနာရှင်မရှိတဲ့ သံဃာတော်၊ သီလရှင်များ ကိုလည်း နောက်ဆုံးအန္တိမ ဈာပနအထိ ဓလေ့ထုံးစံနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အုပ်ချုပ်မှု အဖွဲ့ဝင် (၂၁)ဦးရှိပြီး အားလုံးဟာ လုပ်အားဒါန ပေးလျက်ရှိသော စေတနာ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိသော ဆရာဝန်ကြီးများ မှာလည်း အကျိုးအမြတ် တစ်စုံတရာ မယူပဲ၊ စေတနာနှင့် ကုသပေးနေတာ ဖြစ်ကြောင်း၊ သို့သော် သန့်ရှင်းရေး ၀န်ထမ်းမှအစ အခြေခံတာဝန်များကို ထမ်းဆောင်ရသော ၀န်းထမ်း ၃၀၀ ကျော်ကိုတော့ လစာနှုန်းထားဖြင့် ခန့်အပ်ထားတာ ဖြစ်ကြောင်း၊ ဆေးရုံ၏ ဆောင်ရွက်မှု ကိစ္စအ၀၀ကို အဖွဲ့ဝင် ၂၁ဦး၏ အလုပ်အမှုဆောင် အစည်းအဝေးကသာ ဆုံးဖြတ်ဆောင်ရွက်ပြီး၊ သီခြားလွတ်လပ်သော ဆေးရုံတစ်ခု ဖြစ်ကြောင်း၊ ယခုအခါ လူပုဂ္ဂိုလ်များ ကိုလည်း လူမျိုးမရွေး၊ ဘာသမရွေး ကုသပေးလျက်ရှိကြောင်း၊ သိုသော် အလုံးစုံအခမဲ့တော့ မဟုတ်ကြောင်း၊ သို့ရာတွင် အလွန်သက်သာသော အလှူငွေ ထည့်ဝင်ပေးရန်သာ လိုကြောင်း၊ ထိုမျှပင်မတတ်နိုင်သူ ဖြစ်ပါက သက်ဆိုင်ရာ ထောက်ခံချက် အပြည့်အစုံ ပါရှိလျှင် လုံးဝအခမဲ့ ကုသပေးလျက်ရှိကြောင်း၊ တစ်လပျမ်းမျှ ကုန်းကျစရိတ် သိန်း ၅၀၀ နှင့် ၆၀၀ ကြားတွင်ရှိကြောင်း၊ ထိုပမာဏမှာ အများပြည်သူ လှူဒါန်းငွေဖြင့်ပင် လုံလောက်ကြောင်း၊ ပိုလျှံသောငွေများကို အစိုးရငွေစု စာချုပ်များဝယ်၍ ပဒေသာပင် တည်ထားကြောင်း၊ ဆေးရုံ တည်ထောင်စဉ်ကတည်းက စည်းမျဉ်း၊ စည်းကမ်းအရ ဆေးရုံအနေဖြင့် ပြင်ပစီးပွားရေးလုပ်ငန်း လုံးဝလုပ်ဆောင်ခြင်း မရှိကြောင်း အစရှိသဖြင့် ဆေးရုံရဲ့ လုပ်ငန်းစဉ်များကို ရှင်းးပြခဲ့ပါတယ်။
လှူဒါန်းလိုသူ စေတနာရှင်များ အနေဖြင့်လည်း သံဃာ့ဆေးရုံကြီး၏ website: www.jivitahospital.org တွင်လည်း အသေးစိတ် လေ့လာပြီး ဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်။ ဆေးကုသမှုခံယူရန် လိုအပ်သူများကိုလည်း ဆက်သွယ်ကုသမှု ခံယူနိုင်ပါတယ်လို့ ၎င်းတာဝန်ရှိသူမှ သတင်းပါးလိုက်ပါကြောင်း တင်ပြလိုက်ပါတယ်။
ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့အစ်ကိုရေ.. ရောက်ရာ ဘုံဘ၀မှ သာဓုခေါ်ပါရန် အမျှပေးဝေပါတယ် ခင်ဗျာ။
နောက်ဆုံးစာသားလေးက စိတ်ထိခိုက်စေတယ်။
ReplyDeleteအမျှ အမျှ အမျှ လို့သုံးခါ ဆက်ဆိုရတယ်မဟုတ်လား ထင်တာပြောကြည့်တာပါ။
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့