ယခုအခါ ရန်ကုန်မြို့တွင်းသွား ဒိုင်နာယာဉ်များ မြီု့တွင်းသို့ ၀င်ရောက်ခွင့်မရှိတော့ပါ။ ဒါကြောင့် မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု အတော်အတန် ရှင်းလင်းသွားခဲ့ပါတယ်။ မြို့တွင်းသို့ ဘတ်စကားများသာ သွားလာခွင့် ရှိပါတယ်။ လမ်းလျှောက် သွားလာနေသူများ အတွက် အထူးစိတ်ချမ်းမြေ့ဖွယ် ဖြစ်ပါတယ်။
ဒါပေမယ့် ခရီးသွားလာသူ အချို့ကတော့ လတ်တလော အဆင်မပြေမှုများ ကြုံရသည့်အတွက် မကျေမနပ် ညည်းတွားကြပါတယ်။ မြို့တွင်းသွား ဘတ်စကားအစီးရေ မကြာခင်တိုးတက် လာမယ်လို့တော့ မျှော်လင့်မိ ပါတယ်။ ကားတွေရှင်းသွားပေမယ့် လူတွေကျပ်နေရင်လည်း စိတ်ညစ်စရာ...။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့