နှစ်သစ်ကူးလေပြီ

နှစ်ကူးတော့မယ် ဆိုတော့ နှစ်ဟောင်းကို ကောင်းမှုလေးတွေနဲ့ အဆုံးသတ်ချင်တာကြောင့် (အားနေတာလဲ ပါ,ပါတယ်) ရွှေတိဂုံ ဘုရားသွားခဲ့တယ်။ ဆူးလေးကနေကားစီးပြီး သွားခဲ့တာပါ။

ဆူးလေလမ်းမရောက်တော့ တော်ဝင်တံတားပေါ်က ငေးရင်း စောဘွဲ့မှူးရဲ့ ရောဂါကို ညည်းလိုက်မိသေး။

ဘုရားရောက်တော့ မှောင်နေပါပြီ။ ဘုရားဖူးခဲ့ပါတယ်။

ညချမ်းမှာ ဘုရားဖူးဧည့်သည်တွေ စည်စည်ကားကား။

နိုင်ငံခြားဘုရားဖူး ဧည့်သည်တွေလည်း အများကြီးတွေ့ခဲ့ရတယ်။

ထိုင်းဘုရားဖူးတွေလဲ ဘုရားပေါ်မှာ စည်ကားနေတယ်။ တစ်ယောက်တည်းလာပြီး ဓါတ်ပုံရိုက်ဖို့ အခက်တွေ့နေတဲ့ ထိုင်းသူချောချောလေးက ဓါတ်ပုံရိုက်ဖို့ အကူအညီတောင်းလို့ စေတနာ အပြည့်နဲ့ ရိုက်ပေးလိုက် ပါသေးတယ်။ (အခုနှစ်ယောက်ထက် ပိုချောပါတယ်)
:P

ဘုရားက ပြန်လာတော့ သူငယ်ချင်းနဲ့ လမ်းလျှောက်ဖြစ်တယ်။ ဟိုငေးဒီငေး။ နှစ်ကူးကို ခင်ဗျားနဲ့ပဲ ဖြတ်သန်းရတာ နှစ်,နှစ်ရှိသွားပြီ။ မမိုက်ပါဘူးဗျာတဲ့...။ နောင်နှစ်တော့ ဒီထက်ပိုပျော်စရာကောင်းတဲ့ အဖေါ်နဲ့ ဖြတ်သန်းဖို့ ကြိုးစား လိုက်ဦးမယ်တဲ့။ တော်တော်ချစ်စရာ ကောင်းတယ်။

လမ်းလျှောက်လာရင်း ဗိုက်ဆာလာလို့ ၀က်သားတုတ်ထိုး ၀င်တွယ်လိုက်သေးတယ်။ တခြားဆိုင်တွေကလည်း စီမံချက်ကြောင့် သိမ်းနေရပြီလေ။

စားပြီးတော့ ကျူရှင်ဘက် ရောက်လာတယ်။ နှစ်ကူးကို ရပ်စောင့်နေတဲ့ တပည့်တွေ တွေ့တော့ ၀ိုင်းအော်ကြတယ်။

သူတို့အနားရောက်တော့ 12 နာရီထိုးသွားပြီ။ အားလုံးဝိုင်းအော်ကြတယ်။ "happy new year" ပြီးတော့ ဘာရယ်တော့မဟုတ် ထကနေကြတယ်။ သူတို့ကို နှုတ်ဆက်၊လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်လာခဲ့တယ်။ မင်္ဂလာပါ နှစ်သစ်ရေ.... လူသားတိုင်းအတွက် ကောင်းခြင်းတွေကို သယ်လာပေးပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1