ကြိုဆိုပါတယ် ၂၀၁၀



တစ်နှစ်တာ ကုန်ဆုံးပြန်တော့မည်။ နောက်တစ်နှစ် ရောက်တော့မည်။ လူ့ဘ၀ဆိုတာ သမုဒ္ဒရာ ရေပွက်ပမာတဲ့။ ငယ်တုန်းကတော့ သိပ်မသိ၊ ခုတော့ နားလည်လာသလိုလို .. အချိန်တွေကုန်တာ မြန်သည်။ 2010 ရောက်တော့မည်။ ဖြတ်သန်းခဲ့တဲ့ ကာလတစ်ခုကို ပြန်ပြောင်းကြည့်လိုက်ရင်... မနေ့တစ်နေ့ကလိုပဲ။ ဘာမှ မကြာလိုက်သလို။ အသက်လည်း တစ်နှစ်ကြီးသွားရပြန်ပြီပေါ့။

နှစ်သစ်ဆိုတဲ့ ကာလတစ်ခုရောက်ရင် လူတိုင်းစိတ်ထဲ ပျော်သလိုလိုတော့ ဖြစ်ကြမည် ထင်ပါသည်။ အပြောင်းအလဲ ဆိုတာကို အမြဲလိုချင်ကြသော လူသားတွေအဖို့ ဘာတွေပြောင်းလဲမလဲ မျှော်လင့်ကြသည်။ အပြောင်းအလဲ ဆိုတာကတော့ စက္ကန့်မလပ် ဖြစ်နေတာပဲလေ။

ဘာပဲ ဖြစ်ဖြစ် ကောင်းမွန်သော ပြောင်းလဲတိုးတက်ခြင်းများကို သယ်ဆောင်လာသော 2010 ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။ လောကတစ်ခုလုံး သာယာလှပ ပါစေ...။ ကြိုဆိုပါတယ် ၂၀၁၀

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1