ကျွန်တော် ချစ်သော မိုးတိမ်များ

တစ်ခါက သူငယ်ချင်းတစ်ယောက်နဲ့ ရောက်တတ်ရာရာ လျှောက်ပြော ကြရင်းပေါ့။ သူကပြောပါတယ်။ ငါကပင်လယ်နဲ့ ကျောက်ဆောင်တွေကို သဘောကျတယ်တဲ့ ဘာလို့လဲ ဆိုတော့ ဘယ်လောက်ပဲ အပြောကျယ်တယ် ပြောပြော ပင်လယ်တွေရဲ့ နယ်နမိတ်ကို ကျောက်ဆောင်တွေက တားဆီးကန့်သတ် ပေးထားနိုင်လို့ပါတဲ့။

ဒါပေမယ့် သံစောင်းထက် ကျောက်စောင်းထက်၊ ကျောက်စောင်းထက် ရေစောင်းထက်လို့ ဆိုရိုးရှိတယ်။ ဘယ်လောက် မာကျောစွာ ကန့်သတ်ထားပါစေတော့ ..။ တရွေ့ရွေ့ တိုက်စားခြင်းကို ခံရတာပါပဲလေ။

ကျွန်တော်ကတော့ တိမ်တွေကို သဘောကျတယ်။


မတည်ငြိမ်ဘူး၊ မပြတ်သားဘူး လို့ပဲဆိုဆို၊ လေယူရာတိမ်း ယိမ်းတယ်လို့ပဲ ပြောပြော၊ အတားအဆီးမရှိ လွင့်မျောနေရတဲ့ တိမ်တွေရဲ့ သဘာဝကို နှစ်သက်မိတယ်။


တိမ်တွေဟာ ပုံစံတစ်ခုထဲမှာ ပုံသေမရှိပဲ အမြဲဆန်းသစ်နေတယ်လို့ ထင်တယ်။ အချိန်ကာလ အလိုက် လှပတဲ့ ပန်းချီကားတွေကိုလဲ ဖန်တီးပေးတယ်။


မုန်တိုင်ဘယ်လောက်ထန်ထန်၊ လေတွေဘယ်လောက် ကြမ်းကြမ်း တိမ်တွေ ပြိုလဲသွားတယ်လို့ မရှိပါဘူး။ သာယာတဲ့အခါ နူးညံ့စွာ လွင့်မျောရင်း ကောင်းကင်ကို အလှဆင်နေကြပြီ။


မနိုင်ဝန် ထမ်းရတယ်လို့လဲ ဘယ်တော့မှမရှိဘူးလေ…။ မနိုင်တော့ရင် ရွာချလိုက်တယ်..။ ရွာကျပြီးတဲ့အခါ ကြည်လင်နေမြဲ။


ကျွန်တော်တိမ်တွေကို သဘောကျတယ်။


Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1