တွေးမိတွေးရာ ဒီနေ့

ငါက ဦးဆောင်သူဆိုပြီး အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကို စိတ်ကြိုက်ထိန်းချုပ် ခြယ်လှယ်ကာ ၀င့်ထယ် နေသော အချိန်ကာလ တစ်ခုတွင် မောက်မာဝံကြွားသော စကားများကို ပြောဆိုတတ်ပြီး၊ မထိန်းသိမ်းနိုင်သော အခြေအနေမျိုးတွင်မူ လူတကာကို မျက်နှာအောက်ချ၊ ကိုယ်မလုပ်ရပါ ဟုဆိုကာ ယိုယွင်းမှု အကြောင်းတရားအတွက် မိမိနှင့်မည်သို့မျှ မသက်ဆိုင်သကဲ့သို့ ပြုမူပြောဆိုရင်း တာဝန်ရှောင်တတ်သောသူမျိုး ဦးဆောင်သည့် အဖွဲ့အစည်း၊ လုပ်ငန်းတစ်ခုသည် ဘယ်သောအခါမျှ ရေရှည်တည်တံ့နိုင်ခြင်း မရှိနိုင်။

တာဝန်ကို လက်လွှဲပေးနိုင်သော်လည်း တာဝန်ရှိမှုကိုကား လွှဲပြောင်း၍ မရနိုင်။

နေရာဆိုသော ဝေါဟာရ တစ်ခုအတွက် အမျိုမျိုး ယှဉ်ပြိုင်ကြ၊ တိုက်ခိုက်ကြ၊ စကားနိုင်လုကြ ၊ နဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းနေကြ သော်လည်း မနက်ဖြန် ဘယ်နေရာမှာရှိမှာလဲ ဘယ်သူမျှ မပြောနိုင်ပါလေ။

ဒီနေ့ တရားရသလိုလို ဟိုနေ့က သဘောပေါက်သလိုလိုနဲ့ ကနေ့အချိန်ထိ ဘာကိုမှ သေသေချာချာ မသိသေးပဲ ယောင်ချာချာ ဖြစ်နေသော သူရိန်သည်လည်း အမှန်အားဖြင့် မတည်ငြိမ်သေးကြောင်းကို တည်ငြိမ်သလိုလို သိနေမိသည်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1