နေရာက အနော်ရထာလမ်းမပေါ်ရှိ ၃၈လမ်းဈေး...။ အချိန်က ညနေ ၃နာရီနှင့် ၅နာရီကြား...။
ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်၊ လမ်းမပေါ်မှာ လူတွေရှုပ်၏၊၊ ကားတွေကျပ်၏။ ထိုအချိန်ကို စောင့်စား နေရသော ညနေဈေးတန်း ဈေးသည်များကလည်း မိမိတို့ကုန်ပစ္စည်းများ အချိန်မှီရောင်းချရဖို့ ပြင်ကြ ဆင်ကြ၊ ခင်ကျင်းကြ၏။ ၀မ်းရေးက ရှိသေးသကိုး။ ဒီအချိန်မှာ လိုင်းကားတွေကလည်း လူကျချိန်လေး သူထက်ငါ အပြိုင်အဆိုင်မောင်းကြ၏။ လူတွေရှုပ်၊ ကားတွေကျပ်ချိန်မှာ ၀မ်းရေးအတွက် အန္တရာယ်ကို ဂရုမစိုက်နိုင်သော ဈေးသည်များမှာ ကားလမ်းမ၏ လမ်းကြော တစ်ခုလုံးကို ယူပြီး ဈေးခင်းထား၏။ တစ်ဖက်လမ်းကြောတွင်လည်း ကားများရပ်နား ထားလေရာ လေးလမ်းသွားလမ်းကား နှစ်လမ်းသာ ရှိတော့၏။
ပန်းဆိုးတန်းပွိုင့်မှာ ကာတွေက ပိတ်နေ၏။ နောက်ကားတွေက ဆက်တိုက်ဆိုသလို ရောက်လာ၏။ သာကေတကားတွေ သူထက်ငါ အပြိုင်ကျော်တက်ဖို့ ကြိုးစားနေ၏။ အချို့သောသူတွေက ရုံးအပြန် ဈေးဝယ်ဖို့ ပြင်ဆင်နေကြ၏။ ကျောင်းဆင်လားသော ကျောင်းသားငယ်များက ဟိုကဖြတ်၊ဒီကဖြတ်။ ခက်ခြေပြီ....။ မျဉ်းကျားဆိုတာလဲ ဘယ်နားရှိမှန်းပင် မသိတော့။ လမ်းပေါ်က လှုပ်ရှားနေသော ဖြစ်ရပ်များကို ပလက်ဖောင်းပေါ်က သတိပေး ဆိုင်းဘုတ်များလည်း ဘာမှမတတ်နိုင်ပဲ ထိုင်ငေးနေရပြီ။ မတော်တဆသည် စာမတတ်ပါ။ ထို့ကြောင့် သူဖြစ်ချင် ဖြစ်မှာပဲ။ တားဆီးလို့မရနိုင်။ မိမိတို့ စားဝတ်နေရေးအတွက် ၀င်ငွေရှာ နေရသော ဈေးသည်များကို အပြစ်မတင်လိုပါ။ သို့ရာတွင် အန္တရာယ်ဆိုသည်ကို သတိရစေချင် ပါသည်။
ထို့အပြင် ယခုကဲ့သို့ ယာဉ်ကြော ကျပ်သောအချိန်တွင် ယာဉ်ကြောတစ်ခုလုံး ဈေးတန်းနေရာ ယူထားမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများ အဆင်ပြေညီညွတ်အောင် ဆောင်ရွက်ပေးလျှင် ပိုကောင်းမည်ဟု ထင်ပါသည်။ အမြန်ဆုံး ဆောင်ရွက် ပေးနိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့