ညီငယ်သက်တံ့ချိုရဲ့ ဦးဆောင်မှုနဲ့ blogger တွေ စုပေါင်းရေးသားခဲ့တဲ့ ကဗျာစာအုပ်လေးပါ။ blogger ၃၅ ယောက်ရဲ့ စုဆည်းမှုလေးတစ်ခုပေါ့။ ကျွန်တော်ကတော့ ကဗျာဆရာ မဟုတ်ပါဘူး။ စိတ်ကူးပေါက်တဲ့ အခါ တစ်ခါတရံ လျှောက်ရေးတတ်ပါတယ်။
လူတိုင်းဟာ ပျော်ရွှင်၊ ၀မ်းသာ၊ ကြေကွဲ ၀မ်းနည်းရတတ်တယ် မဟုတ်လား။ အခုကဗျာ လေးတွေက သက်ဆိုင်သူတွေရဲ့ ဖြတ်သန်းလာတဲ့ ဘ၀တစ်လျှောက် တွေ့ကြုံခဲ့ရတဲ့ ရင်ခုန်သံတွေ(သို့) ကြည်နူးမှုတွေ(သို့) ဝေဒနာတွေ လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ရင်ခုန်သံတွေကို အခုလို စုဆည်းပေးခဲ့တဲ့ ညီငယ် သက်တန့်ချိုကို အထူပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ ရင်ခုန်ကြည်နူးမှု ဝေဒနာတွေကို မျှဝေခံစားကြည့်ချင်ပါတယ် ဆိုရင်တော့ ………
ဒီနေရာမှာ ရယူခံစားနိုင်ပါကြောင်း ထပ်ဆင့်မျှဝေလိုက်ပါတယ်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့