blogger ရဲ့ igoogle gadget

blogger လဲ တစ်ခြား social page တွေလိုပဲ သီးသန့် blogger site ထဲဝင်စရာမလိုပဲ igoogle နဲ့ aggregrate လုပ်ထားပါပြီ။ အရင်က post တွေကို mail ကနေပို့ နိုင်တဲ့ အစီအစဉ် လုပ်ခဲ့သလို အခု post တွေကို igoogle ကနေ ပို့လို့ ရပါပြီ။ ဒါပေမယ့် mail ကနေ ပို့ခဲ့တုန်း ကလိုပဲ တိုက်ရိုက် ရေးရတာလောက်တော့ အဆင်မပြေ လှပါဘူး။ igoogle ကနေ ပို့ရတဲ့စနစ်က twitter,facebook, friendfeed စတဲ့ mini blogging site တွေလို status message လို၊ diary လို အကြောင်းအရာတွေကို ရေးမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

အကျယ်တ၀င့် ရှင်းလင်းရေးသား ချင်ရင်တော့ igoogle မှာပေးထားတဲ့ editor က မပြည့်စုံပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ သူ့ရဲ့ အားသာချက် တစ်ခုတော့ ရှိတယ်လို့ ဆိုရမယ်။ ဘာလဲဆိုတော့ blogger site ကို ဘန်းထားတော့ ကျော်ရ လွှားရတာ အလုပ်ရှုပ်တယ်။ အခုတော့ ကျော်စရာမလိုပဲ ရေးနိုင်တာပေါ့ဗျာ။ အားနည်းချက်ကတော့ image တွေ တင်လို့မရတာပဲ။ သူ့ရဲ့ WYSIWYG editor လေးကိုပါ မွမ်းမံပေးဦးမယ် ဆိုရင်တော့ အတိုင်းထက်အလွန် လို့ဆိုရမှာပေါ့လေ။

igoogle ကနေ post တွေ တင်ချင်ပါတယ်ဆိုရင်တော့ http://www.google.com/ig/adde?source=atgs&moduleurl=www.blogger.com/gadgets/post.xml မှာ သွားပြင်ပေးလိုက်ရင် ရပါပြီ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1