မိုက်ကယ်ဂျက်ဆင် သေဆုံးမှုကြောင့် အင်တာနက် connection နှေးခဲ့ရ


မိုက်ကယ်ဂျက်ဆင်သေဆုံးမှုကြောင့် လွန်ခဲ့တဲ့ အပါတ်က အင်တာနက် connection နှေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာတ၀န်းလုံးက မိုက်ကယ်ဂျက်ဆင် သေဆုံးတာနဲ့ပတ်သက်ပြီး အင်တာနက်မှာ ရှာဖွေခဲ့ကြတာ ကြောင့်ပါ။

ကမ္ဘာ့အကျော်ကြားဆုံး search engine Google က အဲဒီသတင်းကို စတင်ကြားထုတ်လွှင့်ချိန်မှာ internet တိုက်ခိုက်မှုတွေ ကြုံတွေ့မှာကို စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သန်းပေါင်းများစွာသော လူတွေဟာ မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနဲ့ပတ်သက်ပြီး Google news မှာရှာတဲ့အခါ error page နဲ့ကြုံတွေ့ခဲ့ရပါတယ်။ Google ရဲ့ သတိပေးချက်မှာ ဒီရှာဖွေမှုဟာ virus နဲ့ spyware တွေကို အလိုအလျောက် ဖိတ်ခေါ်မိသလို ဖြစ်စေတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

2:40 pm Pacific နဲ့ 3:15pm Pacific အတွင်းမှာ Google user အသစ်တွေဟာ ဒီသတင်းနဲ့ ပတ်သက်ပြီး access လုပ်လို့မရနိုင်ကြောင်း Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Gabriel Stricker က အတည်ပြုခဲ့ပါတယ်။ အဲဒီအချိန်ဟာ မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့ပြီဖြစ်ကြောင်း တရားဝင်အတည်ပြု ကြေငြာခဲ့တဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ဘီဘီစီ website ကလဲ အဲဒီအချိန်မှာ site ကိုလာရောက်တဲ့ traffic က ပုံမှန်ထက် 72% မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။

အခုအချိန်ထိ အသုဘမချရသေးပါဘူး။ သူ့သားဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကို သိရပြီးတာနဲ့ အသုဘ ကိစ္စကို အမြန်ဆုံးစီစဉ်မှာဖြစ်ပါတယ်လို့ သူရဲ့ဖခင် Joe Jackson ကပြောကြားပါတယ်။

အသုဘအခမ်းအနား ကျင်းပရင်ကော ဒီလိုနှေးသွားဦးမလား မသိ။ :cry:

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1