ဒီနေ့တော့ မြန်မာလိဂ်ရဲ့ နောက်ဆုံး ဗိုလ်လု ပွဲဖြစ်တဲ့ ရတနာပုံ FC နဲ့ ရန်ကုန် ယူနိုက်တက် တို့ရဲ့ ပွဲစဉ်ကို သုဝဏ္ဏ ကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြောရရင် မြန်မာ လိဂ်ပွဲတွေကို သေသေချာချာ မကြည့်ဘူး ပါဘူး။ ဒီနေ့လဲ ကွင်းထဲ သွားမကြည့်နိုင် တော့ TV ကပြတာကိုပဲ ကြည့်ခဲ့တယ်။ ၀န်ကြီးဌာနာ ပွဲစဉ်တွေနဲ့ မတူခြားနားတဲ့ ကစားကွက်တွေ ကြိုးစားမှုတွေ မြင်ရတော့ စိတ်ဝင်တစား ဆက်ကြည့်မိတယ်။
ပွဲစတာနဲ့ နှစ်ဘက်လုံး အကောင်းဆုံး ကစားခဲ့ကြတာကို တွေ့ရတော့ အားရမိတယ်။ ရတနာပုံက ကစားကွက်ပိုလှ တယ်လို့ထင်မိတယ်။ ပထမပိုင်း ၁၅မိနစ်လောက်မှာပဲ ရန်ပိုင်က ရတနာပုံအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ် ရန်ကုန်ကလည်း အကောင်းဆုံးလိုက် ကစားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း နှစ်သင်းလုံး ကစားအားကောင်တော့ မိနစ် ၁၂၀ အထိသရေကျခဲ့လို့ ပယ်နယ်တီကန်ရာမှာ ရတနာပုံက အမှားအယွင်းမရှိ အားလုံးကန်သွင်းနိုင်ခဲ့ပြီး ရန်ကုန်ကကန်သွင်းတဲ့ နှစ်လုံးကိုတော့ ရတနာပုံ ဂိုးသမား ယဉ်မင်းအောင် လက်စွမ်းကော ခြေစွမ်းပါပြပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အကောင်းဆုံး ဘောလုံးသမားဆုကို ရတနာပုံ အသင်းခေါင်းဆောင် ခင်မောင်ထွန်း ရတာထိုက်တန် တယ်လို့ ထင်ပါတယ်။ ပွဲစဉ်တစ်ခုလုံး နောက်တန်းကနေ ဘောလုံးဖြန့်ဝေမှု ကောင်းသလို အရေးပါတဲ့ ပယ်နယ်တီ ကိုလည်း အမှားအယွင်းမရှိပဲ ကန်သွင်းယူနိုင်ခဲ့တော့ အကောင်းဆုံးဆုကို ထိုက်တန်စွာ ရခဲ့တယ်လို့ ပဲဆိုရမှာပါ။
ကွင်းအတွင်းက ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးကြတော့ နောက်များတော့ ကွင်းထဲသွားကြည့်ဦး မှလို့တောင် စိတ်ကူးလိုက်မိရဲ့။ ဘောလုံးပွဲဆိုရင် နယ်ချဲ့ အင်္ဂလိပ်တွေကိုပဲ ဆယ်နှစ်ကျော်အားပေးခဲ့ရတာ ခုတော့ ကိုယ့်နိုင်ငံမှာလဲ အားပေးစရာ အသင်းတွေ တွေ့ရပြီဆိုတော့ အလွန်ကောင်းပါတယ် လို့ပဲပြောရမှာပါ။
............... 
မြန်မာနေရှင်နယ်လိဂ် ဆက်လက် တိုးတက်ပါစေ။
မှတ်ချက်---- ဓါတ်ပုံကို narkhoyar.blogspot.com မှကူးယူဖေါ်ပြပါသည်။

ဘောပွဲလာကြည့်သွားသည်
ردحذفရတနာပုံ ကွ.....
ردحذف၀ါသနာအိုးတယောက်ပါ၊ မြန်မာပွဲတွေ ဘယ်လိုနေလဲတော့ မကြည့်ဘူးသေးဘူး၊ ရန်ကုန်ပြန်ဖြစ်ရင်တော့ တပွဲလောက်ကြည့်ဖို့ စဉ်းစားထားပါတယ်
ردحذفإرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့