ဒီ post လေးကို ကျွန်တော် Mysteryzillion မှာလဲ တင်ပြခဲ့ပါတယ်။ MZ member ကိုသာသာက အခုလို ဖြည့်စွက်ပေး ခဲ့ပါတယ်။ ကျေးဇူးပါ... ကိုသာသာ...။
ဝန်းကျင်တစ်ခုမှာ ကျွန်တော်တို့ထက် စောလျင်စွာ ရောက်ရှိခဲ့လို့ skill ရှိနေပြီးတာဟာ ထူးခြားမှုမဟုတ်ပါဘူး။ ဒါတွေကို ကျွန်တော်တို့လည်း လေ့ကျင့်သင်ယူပြီး သိခဲ့နားလည်ခဲ့တာတွေနဲ့ ပေါင်းစပ်လို့ ပိုမို ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမှာပါ။ |
ကျွန်တော် အယူအဆကလည်း အဲသလိုပါပဲ။ ဘယ်သူမှ မွေးကတည်းတတ်လာတာမဟုတ်ဘူး။ အရင်သင်ရတဲ့ လူက အရင်တတ်တယ်။ များများ လုပ်ရတဲ့လူက ပိုတတ်တယ်။ကိုယ်လည်း သူ့လိုလုပ်ရင် တတ်တာပဲ။
ကျွန်တော် မြင်တာကတော့ အတွေ့အကြုံဆိုတာ လက်ဆင့်ကမ်းပြီး ပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်ဖို့ပါ။ လျှို့ဝှက်ထားခြင်းအားဖြင့် ဘယ်သူ့အတွက်မှ အကျိုးကျေးဇူး ဖြစ်ထွန်း လေ့မရှိပါဘူး။ |
Newton တို့လို့ ရှေးခေတ် သိပ္ပံ ပညာသည်တွေ သင်္ချာ ပညာရှင်တွေကသာသူတို့ သိတာတွေကိုလျှိုထားခဲ့ရင် ကွန်ပြူတာခေတ် တောင်ရောက်မှာ မဟုတ်ဘူးဗျ။ဒါပေမယ့် ခုခေတ်ကြီးမှာ တော့ ကိုယ်သိတဲ့ တစ်ထွာတစ်မိုက် လောက်ကို မဝေချင်သူတွေ၊ဆရာစား ချန်သူတွေ အများကြီးဗျ။ ကျွန်တော်တော့ စိတ်မဆိုးပါဘူး။ သူတစ်ယောက်ထည်း သိတာမှ မဟုတ်တာ။ ဝေမျှချင်တဲ့လူကို သွားမှာပေါ့။
Developer = theoretical and conceptual skill + technical skill + curiosity + continuous learning |
မရှိမဖြစ်ထင်တဲ့ အပိုင်းလေးကို ဖြည့်စွက်ပေးလိုက်ပါတယ်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့