ဖန်လုံအိမ်အာနိသင် လျော့ကျအောင်


Sony Ericsson က ရေသန့်ဘူးခွံ၊ CD ဘူးခွံတွေကို recycle လုပ်ပြီး ကမ္ဘာကြီး ပိုမိုသန့်ရှင်းပြီး ဖန်လုံအိမ် အာနိသင်လျော့နည်းစေ တဲ့ phone ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်တဲ့။ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ကာဗွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့ထုတ်လွှတ်မှုကို ကျဆင်းစေဖို့ဖြစ်ပါတယ်တဲ့။ အခုဖုန်းဟာဆိုရင် ယခင် version တွေထက် ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှု 15% လျော့နည်းပါတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဖန်လုံအိမ်အာနိသင် လျော့ကျအောင် လုပ်ဆောင်သင့်တဲ့ အချက်အလက်တွေကိုလည်း လမ်းညွှန်ထားပါသေးတယ်။

ဥပမာဖန်လုံအိမ် အာနိသင်လျော့ကျအောင် ကားမစီးပဲ လမ်းလျှောက်သွားသင့်ပါတယ်တဲ့။ ကျွန်တော်လည်း ဆက်စဉ်းစားမိတယ်။ ဖန်လုံအိမ် အာနိသင် ကျဆင်းအောင် ...

မီးသွေးနဲ့ ထမင်းမချက်ပဲ ထမင်းမစားပဲ နေရင်ကောင်းမလား...။

ရန်ကုန်မြို့လယ်ကောင်က မီးစက်ကြီးငယ်တွေကို မနှိုးကြပဲရပ်ထားဖို့ တိုက်တွန်းရင်ကောင်းမလား...။

နံပြားနဲ့၊ အီကြာကွေးရောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေ မထိုင်ကြဖို့တိုက်တွန်းရင် ကောင်းမလား။

ကောင်းမလား . . .၊
ကောင်းမလား . . .၊ကောင်းမလား . . .၊.........:cool:

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1