စွန့်လွတ်လိုက်သော ၀ါကျများ


လွန်လေပြီးသော အခါက
ဒီဝါကျတွေ ငါစားသုံး
အရသာရှိလိုက်တာ . . .
ပျော်လို့မဆုံး ခပ်ပြုံးပြုံး . . .။

တလောဆီက
ဒီဝါကျတွေကိုပါပဲ
တစ်ကြိမ်တစ်ခါ ငါပြန်စားဖြစ်
ချဉ်ချဉ်စပ်စပ်
အစပ်မတည့် အရသာမဲ့၏
ဆက်၍မစား ထာခဲ့၏ . . .။

ယခုတစ်ကြိမ်
ပြန်စားဖို့ကြုံ တစ်လုပ်ငုံသော်
လွန်စွာခါးသီး ငါမုန်းတီးမိ
လှည့်၍မျှပင် မကြည့်ချင် . . .။

ငါ၏ခံတွင်း ပျက်ချေပြီ . . .။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1