သူရိန်ဆိုသည်မှာ.....

Photobucket
တစ်လောက ဘလော့တွေ ၀င်ဖတ်ရင်း ကျွန်တော် blog ကို တစ်ချို့က မြန်မာ IT blogger များဆိုပြီး ခေါင်းစဉ် အောက်မှာ ထည့်ထားလေတော့ ကိုယ့်ဟာကိုယ်တောင် ဘ၀င်မြင့်ချင်ချင် ဖြစ်သွားတယ်။ ငါဘာIT အကြောင်း တွေ သိလို့ ဘာတွေ ဆွေးနွေးတင်ပြလို့ ဒီလိုကြီးကြီးကျယ်ကျယ် ကင်ပွန်းတပ်ခံရပါလိမ့်ပေါ့။

အမှန်ပြောရရင် ကျွန်တော် ဘလော့ကို 2006 နှစ်ကုန်ပိုင်းလောက်မှာ စရေးတယ်။ စမ်းတ၀ါးဝါးပေါ့။ ဟိုလူ့မေး၊ ဒီလူ့မေး ... ပြောသာ ပြောရတယ် ကျွန်တော် မေးတဲ့သူတိုင်ကလည်း သေသေချာချာ ပြောပြတတ်ကြဘူး။ အဲ...အဲလိုနဲ့... စတင်ခဲ့ရာက အကြောင်း အမျိုးမျိုးကြောင့် အဲဒီဘလော့လေး ပျက်သွားတယ်။ ဒါနဲ့မရေးပဲ နေလာရာကနေ ပိုးကမသေတော့ နောက်တစ်ကြိမ် ထပ်ရေးဖြစ်တယ် ဆိုပါတော့လေ...။

ဘာအကြောင်းတွေ ရေးမလဲ... စဉ်းစားတော့ unique ဖြစ်အောင် ရေးဖို့ဆိုတာက မလွယ်ဘူးလေ..။ အမှန်ပြောရရင် ကိုယ်တိုင်ကလည်း ဘာကိုမှ သေသေချာချာ သိတာ မဟုတ်ဘူး။ ဒီတော့ နေ့စဉ်ဖြတ်သန်း နေတဲ့ ဘ၀မှာ တွေ့တာမြင်တာ၊ ကျေနပ်တာ၊ မကျေနပ်တာ၊ သိတာ၊ အားလုံးကို ကျွန်တော်ငြီးငွေ့တဲ့ အခါ ထွက်ပေါက်ဖြစ်တဲ့ ဒီဘလော့လေးမှာ ချရေးလိုက်တာပါပဲ။

တကယ်တော့ ကျွန်တော်က ကျူရှင်ဆရာ တစ်ယောက်ပါ။ IT ပညာရပ်နဲ့ အသက်မွေးတာ မဟုတ်သလို၊ ဘာIT ပညာရပ်ကိုမှလည်း ကျွမ်းကျင်တတ်မြောက် တာမျိုးမရှိပါဘူး။ ဘလော့ကတော့ စောစောကပြောခဲ့ သလို၊ ကျွန်တော့ရဲ့ စိတ်ထွက်ပေါက်လေး တစ်ခုပဲဆိုပါတော့ဗျာ။

ဖီလော်ဆော်ဖာနှင့် တူသောငါ

Face Book မှာWhat sort of thinker are you: Strategist, Theorist, Ethicist or Philosopher? တဲ့။ အင်း. .. ငါဘာကောင်လဲ...စမ်းကြည့်လိုက်ဦးမယ် ဆိုပြီး Multiple Choice လေးတွေ ဖြေကြည့်လိုက်တယ်။ အံမယ် ... တယ်လာပါလား၊ You're a Philosopher: Like Aristotle ပါတဲ့ဗျာ.. :D

Your tendency is toward a philosophical outlook and similar to: Aristotle: Greek philosopher who lived from 384 BC to 322 BC. Student of Plato and teacher of Alexander the Great. He created a comprehensive system which underpins Western philosophy amd hie work covered aesthetics and morality, logic and science, politics and metaphysics. His work contains the earliest form of logic.



သင်္ချာဆရာ ကိုယ့်ကိုယ်ကို ဘာ functionနဲ့ တူသလဲ
Which mathematical function are you? စမ်းကြည့်တော့ ဇီတာ function ပါတဲ့။


Riemann Zeta Function: Z(z)
Mystery and wonder are your "prime" delights in life. You seek to apprehend all the hidden, complex patterns in the universe. Some think you are quirky, but they just don't understand you: they have not learned to think outside the box, as you have. You are a misunderstood genius.

Previous Post Next Post
Post ADS 1
Post ADS 1