Bing : Search Engine

Internet စသုံးဖူးကတည်းက search engine ဆိုရင် Google နဲ့ Yahoo! လောက်ပဲ သုံးခဲ့တာ၊ ဒါတောင် Yahoo ရဲ့ interface က အမြင်ရှုပ်လို့ သိပ်မသုံးဖြစ်ဘူး။ Google ကလည်း အဆင်ပြေတာကိုး။ အခုတော့ Microsoft က သူ့ရဲ့ search engine အသစ် bing ကို June 3 ရက်နေ့က စတင်ခဲ့ပါပြီ။

Bing ဆိုတာဘာလဲ ဆိုတာကိုတော့ သူကိုယ်တိုင်က အခုလို အဓိပ္ပါယ်ဖွင့်ပါတယ်။
Bing is a search engine that finds and organizes the answers you need so you can make faster, more informed decisions.
မြန်မာ font နဲ့ ရှာကြည့်တဲ့ အခါမှာလဲ Google လို sorting မလုပ်ပေးပေမယ့် မြန်မြန်ဆန်ဆန် ရှာပေးနိုင် ပါတယ်။ user interface ကလည်း အမြင်လှတယ်ဗျ။ ဆက်ပြီးတော့ စမ်းကြည့်ဦးမယ်။

ပိုကောင်းတယ် ထင်ရင်တော့ ပြောင်းသုံးရတာပေါ့။ ဒါပေမယ့် Microsoft ရဲ့ service တွေက Google လောက်တော့ များများ စားစား မရသေးဘူး။

ကြုံလို့ ပြောလိုက်ဦးမယ်...။ မြန်မာလို ရှာကြည့်တော့ Zawgyi-One hybrid unicode ကိုပဲသုံးလိုက်တယ်။ Standard unicode ဆိုတာကလည်း စက်ထဲမှာ မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အဆင်ပြေတာပါပဲ။

2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. As far as I tested, it can no way compete Google.
    1. When I type a couple of characters in the search box, Google give a suggestion for frequently searched words and average results (that feature helps me a lot when I don't know the keywords exactly).
    2. When I enter a wrongly spelled word, Google provides "Did you mean" feature which correct your spelling and also include the results with that word in the page but Bing cannot.(that feature also helps a lot especially for the misspelling guy like me)
    e.g. I wanted to search Schweinsteiger but I just know the pronunciation but not the spelling and I just guess and typed "schwainstiger".
    Google replied "Did you mean: schweinsteiger" and a few results for Bastian Schweinsteiger
    But Bing just replied "We did not find any results for schwainstiger."

    May be it's because of Bing is still in Beta but I am sure I won't have any reason to change using that.

    ReplyDelete
  2. ဟုတ်ကဲ့ ကျွန်တော်လည်း အခုမှ စမ်းကြည့်တာဗျ။ :)တစ်ချို့ features တွေကတော့ ကြိုက်ဖို့ကောင်းတယ်။ ဥပမာ preview ပေးထားတာလေးတွေပေါ့ဗျာ။ ကိုလင်းဇော်ဝင်း ပြောသလို spelling correction မပါတာကတော့ ဟုတ်တယ်ဗျ။ ကျွန်တော်လည်း ဒီလိုပဲ ခဏခဏမှားတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နှိုင်းယှဉ်စရာ တစ်ခုတော့ ထပ်တိုးလာတာပေါ့။ အခုလို ထပ်ဆင့်ရှင်းပြတာ ကျေးဇူးပါပဲဗျာ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1