မြန်မာစာ နှင့် unicode

ကျွန်တော် ဒီ post ကိုရေးဖြစ်တာကတော့ ဒီနေရာမှာ ဒီလို သတိပေးထားတာတွေ့လို့ကျွန်တော်ရဲ့ အမြင်ကို တင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။
  • Hybrid-Myanmar unicode fonts (such as. Zawgyi, ZawgyiOne fonts) are not ISO-standard, not Unicode compliant, not systematic nor structured.
  • These hybrid fonts are clicking time-bombs! They are disasters for your future. They are just temporary solutions.
  • As soon as Microsoft Windows or all other operating include the Myanmar language support, all the systems and all the web sites you have developed using Zawgyi will go crash (unreadable). Lots of your work will go down the drain. It is because they are violating many Unicode development guidelines.
  • We have warned about this in the local media a long time ago. Don't allow their mistakes become your mistakes. Are you willing to waste your time? Your work? Your money?
  • Upgrade to Unicode-compliant ISO standard systems such as Myanmar3 and other new alternatives which are 100% Unicode-compliant.
  • If you have a web site or blog using ZawGyi font, MCF is giving you FREE upgrade tools (migration utilities). Please download or contact NLP team.
  • If you are using Myanmar1, Myanmar2, or Zawgyi fonts, you need to UPGRADE NOW!
ကျွန်တော် ဒီလိုရေးလို့ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ လက်တွေ့ ကြုံတွေ့ရတဲ့ user တစ်ယောက်ရဲ့ အမြင်ကို တင်ပြခြင်းသာ ဖြစ်ပါတယ်။

တိတိကျကျပြောရရင် unicode ဆိုတာဘာလဲ ဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ဒါပေမယ့် ၀ါသနာအရ ဘလော့ရေးတယ်။ ဒီတော့ web ပေါ်မှာသုံးရတဲ့ ယူနီကုဒ် ကိုသုံးရတယ်။ user တစ်ယောက်အနေနဲ့ သူ့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ကျွန်တော်တို့ မြန်မာ site အများစု Zawgyi font ကိုပဲသုံးကြပါတယ်။ ဘာလို့သုံးကြလဲ... ရှင်းပါတယ်။ သူ့ထက်ကောင်းတယ်လို့ ခံစားရတဲ့ တခြား font မှမရှိသေးပဲလေ..။ Zawgyi ကသုံးရတာ လွယ်တယ်၊ အဆင်ပြေတယ်၊ အလုပ်ဖြစ်တယ်၊ ဒီတော့သုံးတယ်ပေါ့ဗျာ။ အဲဒါကို international standard မရှိလို့ မသုံးပါနဲ့ ဆိုတာကတော့ user right ကိုထိခိုက်တယ်လို့ ထင်ပါတယ်။ Standard ဆိုတာ ကျွန်တော် နားလည်တာကတော့ စံနှုန်းပေါ့။ ဘယ်လိုစံနှုန်းပဲ ရှိရှိလေ။ လက်တွေ့ အလုပ်မဖြစ်ရင်ဘာလုပ်မှာလဲ။ ရှင်းရှင်းလေးပါ။ ကျွန်တော်က ဘောလုံးဝါသနာပါတော့ ဘောလုံးစကားနဲ့ ပြောလိုက်ဦးမယ်။ ဘယ်လောက် မှတ်တမ်းတွေကောင်းပြီး ဈေးကြီးတဲ့ ကစားသမားပဲ ဖြစ်ဖြစ် လက်တွေ့ ကွင်းထဲမှာ ခြေစွမ်းမပြနိုင်ရင် ပရိသတ် မကြိုက်ပါဘူး။

User တစ်ယောက်အတွက် လိုအပ်တာက standard မဟုတ်ပါဘူး။ convenience and performance ပါ။ ဒါကို standard နဲ့မညီလို့ အနာဂတ်ကာလမှာ ပျက်စီးကုန်မယ်လို့ မခြိမ်းခြောက်သင့်ပါဘူး။ ပညာရှင်တစ်ယောက် အနေနဲ့ အသိပေးချင်တယ်ဆိုရင် အဲဒီလို ပြောမယ့်အစား တကယ်လို့ တစ်ချိန်ချိန်မှာ ပျက်စီးခဲ့မယ်လို့ ယုံကြည် ခံစားမိတယ်ဆိုရင် အဲဒီ ပြသနာကို ဘယ်လိုရှင်းမလဲဆိုတဲ့ solution ကိုသာ ရှာပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

နောက်..... ကနေ့ကာလမှာ Zawgyi Font ကိုသုံးတဲ့ မြန်မာ site ပေါင်းမနည်းတော့ပါဘူး။ ဒါကြောင့် content တွေလဲ တော်တော်လေး တက်လာပါပြီ။ ကျွန်တော်တို့ ဒီကနေ့ content တွေကို အလေးထားနေတဲ့ အချိန်မှာ standard မရှိတာနဲ့ ဒီ content တွေအားလုံး အထက်က ပြောထားသလို crash ဖြစ်ကုန်ရတော့မှာလား။ ကျွန်တော်တော့ မယုံဘူးဗျ။

ကျွန်တော် ဥပမာလေးတစ်ခု တင်ပြချင်ပါတယ်။ ၁၉ရာစုနဲ့ ၂၀ရာစုအစောပိုင်း ကာလတွေမှာ ဗြိတိသျှတို့ ကမ္ဘာတ၀န်းလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ကြတယ်။ အဲဒီတော့ သူတို့ရဲ့ ဓလေ့တွေ၊ ယဉ်ကျေးမှုတွေ၊ ထုံးတမ်းစဉ်လာတွေ လွှမ်းမိုးသွားခဲ့တာ ဒီကနေ့အချိန်ထိပဲ။ အဲဒီလို လွှမ်းမိုးမှုတွေထဲက unit ဆိုတာကို ကျွန်တော်ပြောပြချင်တယ်။ ဗြိတိသျှ unit တွေ ဘယ်လိုစတင်ခဲ့တယ် မသိပေမယ့် unit relation တွေကတော့ တော်တော် မှတ်ရခက်တယ်။ ဒါပေမယ့် အသုံးများ တွင်ကျယ်လာတဲ့နောက် အဲဒါတွေကိုပဲ ကျွန်တော်တို့ စွဲမြဲနေခဲ့တာပဲ။ နောက်ပိုင်း ပိုမိုမှတ်ရလွယ်ကူပြီး ဆယ်လီ ဆတိုးစနစ်ပေါ် အခြေခံတဲ့ Metric Unit ကို SI unit အဖြစ် ကမ္ဘာသုံး ပြောင်းလိုက်တယ်။ ဒါပေမယ့် သုံးခြဲ့ပီးသားတွေကို ကျွန်တော်တို့ ပြောင်းလဲလို့မှ မရတာ။ ဒါကြောင့် ကနေ့အချိန်ထိ ဗြိတိသျှ unit တွေကို ကျွန်တော်တို့ အတိုင်းအတာ တစ်ခုထိ လက်ခံနေရဆဲပဲ။ သူ့ရဲ့ content တွေရှိနေတာကိုး။


မြန်မာလက်သမား တော်တော်များများ ပေးတံကိုသာ အသုံးပြုတတ်ပြီး မီတာတံဆိုရင် မသုံးတတ်၊ မတွက်တတ်သေးတာ အားလုံးအသိပဲလေ။ ခရီးအကွာအဝေးဆိုရင်လည်း မိုင်အကွာအဝေးကိုသာ ခန့်မှန်းတတ်ပြီး ကီလိုမီတာ ဆိုရင် အများစု(၉၀% လောက်) မသိကြပါဘူး။ ဒါကို ကျွန်တော်တို့ standard နဲ့မညီဘူးဆိုပြီး အပြစ်ပြောလို့ မရဘူးလေ။ သူ့ရဲ့ တွင်ကျယ်မှုပဲ။ တစ်ခါတလေ တွင်ကျယ်မှုဟာလဲ standard တစ်ခုပဲမို့လား။

ဒီတော့ ပညာရှင်တွေ ဘာလုပ်ရလဲ၊ အဲဒီအတွက် solution ရှာရတာပေါ့။ ဒီအခါမှာ unit conversion စနစ်တွေ၊ unit converter software တွေ ပေါ်လာတယ်။ ဒါပါပဲ။ ဒါ့ကြောင့် ကျွန်တော့်အမြင် ပြောရရင် standard နဲ့မညီဘူးလား၊ ညီအောင်ဘယ်လို လုပ်ပေးမလဲ။ အဖြေရှာပေးပါ။ ကူညီပေးပါ။ ပိုကောင်းအောင် ဆောင်ရွက်ပေးပါ။ နောင်တစ်ချိန် ပျက်စီးသွားနိုင်တယ် ဟုတ်လား.. ဒါဆိုရင် ဘယ်လို ကာကွယ်ပေးမလဲ။ လက်ရှိ အခြေအနေ မပျက်ယွင်းစေပဲပေါ့။ ဒါပါပဲ။

ပိုကောင်းတယ်လို့ ယုံကြည်လာရင် လူတိုင်းလက်ခံတာပါပဲ။

7 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. FYI,

    http://thanlwinsoft.org/MyanmarConverter * Unicode 5.1 has only one spelling for a Myanmar word, Zaw Gyi can have multiple spellings for the same word.
    * Sorting and searching are much easier with Unicode 5.1.
    * Localized software will use Unicode 5.1.
    * Myanmar spell checking becomes possible with Unicode 5.1.
    * Mon, Karen, Shan can be displayed correctly with Unicode 5.1

    rgds,

    ردحذف
  2. ကွန်ပျူတာ သိပ္ပံသုတေသီ တစ်ယောက်အနေနဲ့ ဇော်ဂျီယူနီကုဒ်အစစ်မဟုတ်တာဟာ ပါမွှားလေးပါလို့ ဆိုပါရစေ။

    http://www.lawka-ahla.com/news.php?extend.548.9

    မှာ ကျွန်တော် ဆိုလိုချင်တာတွေကို သွားကြည့်နိုင်ပါတယ်။

    ပြောင်းလို့လဲ ရပါတယ်။ ပြင်လို့လဲ ရပါတယ်။ ဘာမှ ခက်တဲ့ကိစ္စ big deal မဟုတ်ပါဘူး။

    ردحذف
  3. အခုလို လာရောက်ရှင်းလင်း ပေးကြတဲ့ မာ့ခ်တို့ လောရှည်တို့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ردحذف
  4.ဲ့ကိုသူရိန် ပြောတဲ့ "ပိုကောင်းတယ်လို့ ယုံကြည်လာရင် လူတိုင်းလက်ခံတာပါပဲ" ဆိုတဲ့ စကားအတိုင်းဆိုရင် ပိုကောင်းတယ်ဆိုတဲ့သဘောက လူအများလက်ခံနိုင်မှူ၊ အများအဆင်ပြေမှုတွေစသည်တို့နဲ့ ရာခိုင်နှုန်း အပြည့်နီးပါ သက်ဆိုင်နေပြီပေါ့..အင်း စဉ်းစားစရာ ပဲနော်..

    ردحذف
  5. လူတကိုယ်အကြိုက်တမျိုးတဲ့ဗျ..standard ရှိတာ..စုံနှုန်းမှီတာကိုမှ သုံးချင်တဲ့သူတွေရှိနိုင်သလို...အလွယ်ရရင် အလွယ်သုံးလိုရတာနဲ့ ကျေနပ်နေတဲ့သူတွေလဲရှိတာပဲလေ.. လူသုံးများနေလို့ standard ဆိုတာအသုံးမ၀င်တော့သယောင်ကြီးတော့မဖြစ်သင့်ပါဘူး။ Standard နဲ့မကိုက်ညီလို့မသုံးနဲ့လို့ပြောပြီး standard ရှိတဲ့အရာကိုချမပြထားတာလည်းမဟုတ်ဘူးလေ...အတင်းကြီးသုံးပါလို့လည်း ဘယ်သူမှမပြောလောက်ပါဘူး။ conversion software တွေတောင် အလာကားပေးထားတာပဲ။ zawgyi သုံးတဲ့သတ်တမ်းတော်တော် ရှည်နေပါပြီ..ဒါပေမဲ့ Unicode အစစ်မဟုတ်ဘူးဆိုတဲ့အကြောင်းကို တိတိကျကျတွင်တွင်ကျယ်ကျယ်သိသွားတာ သုံးခဲ့တဲ့သက်တမ်းထက် စာရင် ဘယ်လောက်မှမရှိသေးပါဘူး။ ဂဂဏဏမသိတုန်းကတွင်ကျယ်လာတဲ့အရာကို standard မမှီမှန်းသိသွားရော ဘာဆက်လုပ်ရမှာလဲ ဘာလုပ်ပေးနိုင်လဲလို့မေးတာဟာ..နည်းနည်းတော့သဘာဝမကျဘူးလို့ ထင်မိပါတယ်။ "User တစ်ယောက်အတွက် လိုအပ်တာက standard မဟုတ်ပါဘူး။ convenience and performance ပါ" ။ ဆိုတော့...အဆင့်မမှီတဲ့ အရာတစ်ခုက ဘယ်လောက်ထိ convenience and performance ကောင်းကောင်းပေးနိုင်မှာလဲ..ခုပဲကြည့်လေ.အဲလို standard နဲ့မညီတဲ့အရာကိုနှစ်ပေါင်းများစွာ ယုံကြည်သုံးစွဲလာခဲ့တဲ့ အကျိုးဆက်ပဲမဟုတ်ပါလား?

    ردحذف
  6. ငယ်သူရေ... အခု ငယ်သူရေးလိုက်တဲ့ font ကိုယ်တိုင်က ဘာfont လဲကွယ်။ ကျွန်တော်က standard ကိုမကြိုက်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အလွယ်သုံးချင်တယ် ဆိုတာကတော့ လူတိုင်းပဲလေ။ မလွယ်တာကို ဘယ်သူကြိုက်သလဲ။ အခု standard ဆိုတာကို ချပြပေမယ့် ကျွန်တော် သုံးလို့မတတ်ဘူး။ အဆင်လဲ မပြေဘူး။ကျွန်တော်ညံ့တာ ဖြစ်မှာပါ။ ကျွန်တော့်လိုလူတွေ အများကြီးပဲလေ...။ ဂဃနဏ မသိဘူးလို့ ကျွန်တော် ၀န်ခံထားပါတယ်။ အဲဒီအတွက် သိအောင်၊ standard ဆိုတာ ဖွံ့ဖြိုးတွင်ကျယ်လာအောင် လက်တွေ့ အသုံးတည့် အသုံးဝင်လာအောင် ၀ိုင်းဝန်းကြိုးစား ပေးကြစို့လား။

    ردحذف
  7. အခုရေးလိုက်တာ ZawGyi font လေ။ browser တိုင်းမှာမြန်မာလိုတွေမြင်ချင်ရင် zawgyi မှ zawgyi ဖြစ်နေတာဟာ မပစ်မဟုတ်ပေမဲ့..Standard တစ်ခုကို သိအောင် ချပြထားတာကိုတော့ ကိုယ်ကိုယ်တိုင်ရွေးချယ်ရမဲ့ အပိုင်းဖြစ်သွားပြီလေ။ ပြီးတော့ Unicode standard နဲ့အညီ မြန်မာနိုင်ငံရဲ့ တရားဝင်ထုတ်ဝေ ထားတဲ့ မြန်မာစာသတ်ပုံကျမ်းနဲ့ အညီတီထွင်ထားတဲ့ Unicode Font တွေကိုတော့ သုံးရတာခက်တယ်လို့ပြောတာ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ နဲနဲတော့သဘာဝမကျဘူး ထင်တယ်။ အပြောင်းအလဲကို လက်ခံတတ်ဖို့ထက် နောက်နောက်မှာ ဘာတွေဖြစ်လာနိုင်မှာလဲ ဆိုတဲ့ သူ့အကျိုး ကိုယ့်အကျိုး နှစ်ဖြာသော အကျိုးကို ကြည့်ပြီး စဉ်းစားကြရင်ကောင်းမယ်။သုံးရတာမလွယ် တာ ပြောရရင် စာရိုက်ရတာမလွယ်တာတခုတည်းနဲ့ တော့ ဒီလောက်အရေးကြီးခွင်ကျယ် မဖြစ်သင့်ပါဘူးလေ။ အလွယ်ကိုကြိုက်တာ လူတိုင်းလိုလိုပါပဲ..တကယ်ဆို လွယ်လဲလွယ်မယ် သေလဲ သေချာတဲ့လမ်းဆိုရင်တော့ လျှောက်လိုက်ကြစတမ်းပေါ့..ဟုတ်ဘူးလား။ ဒါမှမဟုတ်ဘူးဆိုရင်တော့ ကျန်တာေ၇ွးချယ်သူနဲ့ပဲ ဆိုင်သွားပြီလေ။

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1