ကိုယ်ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေကို flash slide show လေးတွေ လုပ်ချင်ရင် www.go2album.com မှာ လုပ်ရတာ လွယ်ပါတယ်။ သူက online ပေါ်မှာ တိုက်ရိုက်မလုပ်ခိုင်းပါဘူး။ flash လုပ်ဖို့ portable software လေးချပေးပါတယ်။ လုပ်ရတာ အရမ်းလွယ်တယ်။ အဆင့် ၃ဆင့်ထဲပဲ။ ကိုယ်တင်ချင်တဲ့ ဓါတ်ပုံတွေကို ရွေးမယ်။ ပြီးတော့ frame themes လေးတွေရွေးမယ်။ themes တွေလဲ အများကြီး ပေးထားပါတယ်။ ပြီးရင်တော့ publish လုပ်ရုံပါပဲ။
publish လုပ်တဲ့အခါ html file နဲ့ swf file နှစ်ခုချပေးပါတယ်။ ကိုယ်ရဲ့စက်မှာ flash player မရှိတဲ့ အခါ html file နဲ့ preview ကြည့်နိုင်ပါတယ်။ ကိုယ်လုပ် ထားတဲ့ flash လေးကိုကြိုက်ပြီဆိုရင်တော့ သူရဲ့ site မှာ upload လုပ်ပြီး သူငယ်ချင်းတွေဆီကို link ပေးပြီး မျှဝေနိုင် ပါသေးတယ်။ ဒါပေမယ့် upload ကိုတော့ member များကိုသာ ပေးလုပ်မှာ ဖြစ်တဲ့အတွက် အဲဒီ site မှာ sign up လုပ်ရမှာ ဖြစ်ပါတယ်။ member ဖြစ်ပြီဆိုရင်တော့ upload လုပ်ခွင့်ရပါပြီ။ uploading time ကလဲ မြန်ပါတယ်။ အမှတ်တရ မှတ်တမ်းလေးတွေကို အလွယ်တကူ ဖန်တီးလို့ ရပါကြောင်းမျှသေလိုက်ပါတယ်။
ကျွန်တော်လုပ်ထား slide show လေးကိုတော့ ဒီနေရာမှာ နမူနာကြည့်နိုင်ပါတယ်။
Slide Show လုပ်တဲ့ software ကိုတော့ ဒီနေရာမှာ ယူပါ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့