ကြော်ငြာပြန်ပါပြီ။


ဒီနေ့လည်း ကျွန်တော်ဆီကို mail တစ်စောင် ၀င်လာပြန်ပါတယ်။ အကြောင်းအရာကတော့ To get money by blogging ပေါ့။ ဘယ်လိုရနိုင်တယ် ဆိုတာကိုတော့ Jhon Chow ကတော့ ပြည့်ပြည့်စုံစုံ ရှင်းပြထားလေရဲ့။ သူရှင်းပြတဲ့ အတိုင်း လိုက်လုပ်ကြည့်တယ်ပေါ့ဗျာ။ ကိုယ့် blog မှာ ကြော်ငြာတွေ တင်ပေးရင်း ၀င်ငွေရတဲ့ နည်းပေါ့။

ဒါနဲ့ပဲ ကျွန်တော်လည်း ၀င်ရောက်စမ်းသပ် ကြည့်လေတော့ အဲဒီဆိုက်က အခုလို ပြောပါတယ်။ တကယ်လို့ သူတို့ကြော်ငြာထည့်ခဲ့ရင် ကြော်ငြာခတွေကို လစဉ်လဆန်း တစ်ရက်နေ့မှာ ပေးခြေပါမယ်တဲ့။ အနည်းဆုံး ပေးခြေမှု ပမာဏက 25$ ပါတဲ့။ ဘယ်လောက်ပေးသင့်တယ် ဆိုတာကတော့ site features, traffic နဲ့ အခြားသော အချက်တွေပေါ်ကြည့်ပြီး ဆုံးဖြတ်မှာမှာ ဖြစ်ပါတယ်တဲ့။ ဟ... တယ်ဟုတ်ပါလား။ ကဲ... ဒီလောက် ကောင်းနေမှတော့ လာခဲ့စမ်း... ဆိုပြီး Jhon Chaw ပြောတဲ့ သူအကြိုက်ဆုံးဆိုတဲ့ site ကို ၀င်လိုက်ပြီး ကြော်ငြာ တောင်းလေတော့ ....-The website does not have enough link popularity.
-The website does not have enough traffic.
-The website is currently selling text link ads.

ဆိုတဲ့ အချက်တွေကြောင့် သူတို့ကြော်ငြာ မထည့်ပေးနိုင် ပါတဲ့။ :quizzical:ဟင်း.... ဒါနဲ့များဘာလို့ လာပြောနေလဲ။ တော်ပီ။ ပိုက်ပိုက်မရလည်း ရေးမှာပဲ။ :great: လာရောက်လည်ပတ်သော မိတ်ဆွေတို့ စမ်းကြည့်ချင်တယ် ဆိုရင်တော့ ....

www.text-link-ads.com
www.bidvertiser.com
www.shoppingads.com
www.reviewme.com
www.ttzmedia.com

www.dealdotcom.com

အဲဒီ site တွေမှာ စမ်းကြည့်ကြပါကုန်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1