ဂုဏ်ယူပါတယ် မန်ယူ




အားလုံး မျှော်လင့်ထားကြတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ မန်ယူဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ၃နှစ်ဆက်တိုက်အဖြစ် နှစ်ကြိမ်မြောက် ရယူနိုင်ခဲ့ပါပြီ။ ဒါကြောင့် ပရီးမီးယားလိဂ် သမိုင်းမှာ ချန်ပီယံဖလားကို ၁၈ကြိမ် ရယူနိုင်ခဲ့တဲ့ လီဗာပူးရဲ့ စံချိန်ကို အမှီလိုက်နိုင်ခဲ့ပါပြီ။ ဒီရာသီမှာ မန်ယူပရိတ်သတ်တွေ အားလုံးက ဖလားငါးလုံး မျှော်လင့်ချက် ထားခဲ့ပေမယ့် FA ဖလား ဆီမီးဖိုင်နယ်မှာ Everton ကို ပယ်နယ်တီနှင့် အရှုံးပေးခဲ့ရလို့ ဖလားတစ်လုံး လက်လွှတ်ခဲ့ ရပါတယ်။ ကျန်တဲ့ဖလားတွေထဲက လိဂ်ချန်ပီယံဖလားကိုတော့ လီဗာပူးတို့ တောက်လျှောက် ဖိအားပေးနေတဲ့ ကြားကရယူနိုင်ခဲ့ပါပြီ။ ဂုဏ်ယူပါတယ် မန်ယူ။

UEFA ချန်ပီယံလိဂ် ချန်ပီယံကြီး ကျွန်တော်တို့ရဲ့ မန်ယူဟာ ဒီနှစ်မှာ နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်လာဦးမလား ဆိုတာကတော့ ၂၇ရက်နေ့ညမှာ စောင့်ကြည့်ကြဦးစို့။ မန်ယူဆိုရင် အရမ်းမုန်းတယ်။ မန်ယူပရိတ်သတ်တွေကို ပိုပြီးမုန်းတယ်ဆိုတဲ့ ကျွန်တော်ရဲ့ မိတ်ဆွေမလေး htet.85 တော့ ဒီညအိပ်ပျော်ရဲ့လားမသိ။ :).....

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1