ပုပ္ပါးတောင်ကနေ ညနေလောက်မှာ ပြန်ဆင်းလာပြီး ပုဂံဆီကို ဆက်ပြီးခရီး ဆက်ခဲ့ပါတယ်။ ပုပ္ပါး-ပုဂံ လမ်းကို ဗျတ္တ ပန်းဆက်လမ်းတဲ့ဗျ။ တခြားလမ်းရှိသေးလား ကျွန်တော်မသိပါဘူး။ ကားနှင့်သွားရင်တောင် တစ်နာရီ လောက်ကြာတော့ ပုဂံရာဇ၀င် သူရဲကောင်းကြီး ဗျတ္တဟာ မာရသွန်ပြိုင်ပွဲကို စတင်စေခဲ့သူ အေသင်မြို့သား ဖိုင်ဒစ်အိဒိ လောက်တော့ တို့ဗမာတွေလဲ စွမ်းခဲ့သားပဲလို့ ကြံဖန်ဂုဏ်ယူလိုက်မိသေး ...
...။
ပုဂံရောက်တော့ ညနေ ၆နာရီ လောက်ရှိပြီ။ တည်းခိုခန်းမှာ အခန်းယူပြီးတော့ မနားနိုင်သေး...။ သိတယ်မို့လား အဲဒီနေ့က စနေနေ့လေ.. ၆း၁၅ မှာ မန်ယူ-မစ်ဒယ်လ်ဘရော့ ပွဲရှိလေတော့ ဘောပွဲပြတဲ့နေရာ အသည်းအသန်ရှာပြီး သူငယ်ချင်းတေ၊ွ တပည့်တွေနှင့် အားရပါးရ အားပေးလိုက်တာ ပြန်လည်းရောက်ရော သူငယ်ချင်းများ သူတို့၏ မဒီကညာ ဇနီများနှင့် ဟဲ....ဟဲ.. သိတဲ့ အတိုင်းပေါ့။ ...
... ချော့ရတာပေါ့ဗျာ။
ပြီးတော့ ဗူးဘုရားရှေ့က ထမင်းဆိုင်မှာ ညစာစားပြီး အခန်းပြန်လာ ဘာစီလိုနာ - ရီးယဲလ် ပွဲရှိသေးတော့ ဆက်ကြည့် နေမိပါရော။ ကောင်းလိုက်တဲ့ ဘာစီတိုက်စစ်ဗျာ။ ရီးယဲလ်လည်း အိမ်ကွင်းမှာ ဘာမှမလုပ်နိုင်ပဲ ၁-၂ နဲ့အရှုံးပေး ခဲ့ရပါတော့တယ်။ ဘုရားဖူးခရီးဆိုပြီး ဘောလုံးပွဲ တွေအကြောင်း ဘယ်က ဘယ်လို ရောက်လာ တာလဲများ ပြောနေကြမလား မသိ။ အင်း...၀ါသနာက တားမရပေဘူးကိုး။ ပြောလက်စနဲ့ ဆက်ပြောလိုက် ဦးမယ်ဗျာ။ ဒီအတိုင်းဆို ချဲလ်ဆီး-ဘာစီပွဲလဲ ဘာစီပဲ နိုင်မှာပဲ။ အဝေးဂိုးနဲ့ သရေကျရင်တောင် ဘာစီလိုနာ ဖိုင်နယ်ကို တက်ပြီပဲလေ။ အဲဒီပွဲလည်းပြီး ဘာမှဆက်မလုပ်နိုင်တော့ပဲ တချိုးတည်း အိပ်ခဲ့ပါတော့ တယ်။
အိပ်ပျော်သွားပြီးဆိုတော့ ကျန်တာတွေ နောက်နေ့မှ ဆက်ပါဦးမည်။...
...

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့