ကျွန်တော်လည်း သိချင်နေတာကြပါပြီ။ ဒီနေ့တော့ mysteryzillion မှာတွေ့လို့ ထပ်ဆင့်ဖေါက်သည်ချ လိုက်ပါတယ်။ ကျွန်တော်တို့ old account ကို အကြောင်းအမျိုးမျိုးကြောင့် သုံးဖို့ အဆင်မပြေတဲ့အခါ....
ဥပမာ.. သက်ဆိုင်သူက သိနေတော့ ကိုယ်ကျူချင်တိုင်း ကျူလို့ မရတာမျိုး
...
ကျူချင်သူတွေများလွန်းလို့ new account ကို ဖိတ်ခေါ်ဖို့ မလွယ်တာမျိုး
ဆိုရင်
အခုလို contact list တွေပြောင်းလိုက်တော့ အဆင်ကိုပြေလို့ပေါ့
....။
ကဲဘယ်လိုလုပ်ရမှာလဲ.... လေတယ်ရှည်တာပဲ။ မထင်ပါနဲ့ လာပါပြီဗျာ........။


ကဲ အထက်ကပြောသွားကြတဲ့ အတိုင်း ပြောင်းလဲပြင်ဆင်ပြီး အဆင်ပြေနိုင်ကြပါစေဗျာ။
အခုလိုကူးယူဖေါ်ပြတာတွေဟာ "သက်ဆိုင်ရာ site အတွက် Search Engine မှာ Rank ကျစေပါတယ်။ Duplicate တင်တာတွေဟာ Content ကို ထိခိုက်စေတယ် ။ " လို့ ကိုညီလင်းဆက် က ပြောခဲ့ဘူးပါတယ်။
ကျွန်တော်ကတော့ တစ်နေရာက မသိခဲ့သော် နောက်တစ်နေရာက သိသွားခဲ့ရင် သုံးသူတွေ အဆင်ပြေစေဖို့ ဆိုတဲ့ရည်ရွယ်ချက်ပါပဲ။ ဒီထက်ဘာမှ မပိုပါဘူးလို့ပဲ ပြောပါရစေ။
ဥပမာ.. သက်ဆိုင်သူက သိနေတော့ ကိုယ်ကျူချင်တိုင်း ကျူလို့ မရတာမျိုး
ကျူချင်သူတွေများလွန်းလို့ new account ကို ဖိတ်ခေါ်ဖို့ မလွယ်တာမျိုး
အခုလို contact list တွေပြောင်းလိုက်တော့ အဆင်ကိုပြေလို့ပေါ့
ကဲဘယ်လိုလုပ်ရမှာလဲ.... လေတယ်ရှည်တာပဲ။ မထင်ပါနဲ့ လာပါပြီဗျာ........။
ကျွန်တော့် Gmail နဲ့ ပတ်သတ်လို့ ကူညီကြပါဦးဗျာ..အခု account အသစ်ပြောင်းထားတာ အဟောင်းထဲက သူတွေအားလုံးကို အသစ်ထဲထည့်လို့ မရဘူးလားဟင် .....?
လူများတော့ တစ်ယောက်ချင်း လိုက်လုပ်ရင် မိုးလင်းသွားမှာ မို့ပါ။
နောက်တစ်ခုက တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော် renameမလုပ်ပဲကျွန်တော့် list ထဲမှာ နာမည်တွေ လာပေါ်နေတယ်။ Emailလိပ်စာနဲ့မပေါ်ဘူးပေါ့ဗျာ။ ကျွန်တော်လုံးဝ rename လုပ်မိပါဘူး။
အဲ့ဒါနဲ့ ပါတ်သတ်လို့ Gmail setting, account setting အားလုံးလုပ်ကြည့်ပြီးပါပြီ။ မရပါဘူး။ သိတဲ့သူများ ကူညီကြပါနော်။
ဒါကမေးထားတာလေးပါ။ အဲဒါကို အခုလို ပြန်ဖြေပေးသွားတယ်ဗျ။
Old Gmail account ကိုဖွင့် .. ပြီးရင် contacts ထဲဝင်၊ contacts ထဲရောက်ရင် အပေါ်ညာဘက်ထောင့် ကိုလှမ်းကြည့်လိုက်၊ အဲဒီမှာ Import, Export, Print ဆိုတာတွေ့မယ်။ အဲဒီ email အဟောင်းက contacts တွေကိုအရင် Export လုပ်ပါ။ ဥပမာ အဲဒီ Export ဖိုင်က "Contacts.csv" အမည်နဲ့ Desktop ပေါ်မှာ save လုပ်ပေးပါ (Firefox) နဲ့ဆိုရင် Desktop ပေါ်မှာ default အနေနဲ့ save ပေးလိမ့်မယ်။ save ပြီးရင် ကိုယ်ထည့်ချင်တဲ့ Gmail အသစ်ကို ဖွင့်ပါ။ အပေါ်ကနည်းအတိုင်းပဲ contacts ထဲကိုဝင်ပြီး Import ကိုနှိပ်၊ ပြီးရင် ကိုယ် save ထားတဲ့ဖိုင်လေးကို ရွေးပြီးတော့ Import လုပ်ပေးလိုက်၊ သိပ်လွယ်တာပဲ။
အခုလိုကူးယူဖေါ်ပြတာတွေဟာ "သက်ဆိုင်ရာ site အတွက် Search Engine မှာ Rank ကျစေပါတယ်။ Duplicate တင်တာတွေဟာ Content ကို ထိခိုက်စေတယ် ။ " လို့ ကိုညီလင်းဆက် က ပြောခဲ့ဘူးပါတယ်။
ကျွန်တော်ကတော့ တစ်နေရာက မသိခဲ့သော် နောက်တစ်နေရာက သိသွားခဲ့ရင် သုံးသူတွေ အဆင်ပြေစေဖို့ ဆိုတဲ့ရည်ရွယ်ချက်ပါပဲ။ ဒီထက်ဘာမှ မပိုပါဘူးလို့ပဲ ပြောပါရစေ။
မရဘူးတဲ့။ အကူအညီလိုရင် Password ပေး။ ကူပြောင်းပေးမယ်။ အထဲက ကောင်လေးတွေအကောင့်ပါ ယူသွာမယ်။ ဟဟ
ReplyDeleteစတာနော်
ခင်မင်လျှက်
မေတ္တာရောင်ပြန်
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့