Free Unit Converter


လူတွေပါးစပ်ဖျား ရေပန်းစားနေတဲ့ Bijli Cyclone အကြောင်း သတင်းတွေ ဖတ်ကြည့်တော့ သတင်းတွေမှာ မုန်းတိုင်းရဲ့ ပြင်းအား(speed) ကို km/h (kilometer per hour) နဲ့ပဲ ပြောနေတော့ နယ်ချဲ့ ဗြိတိသျှတို့ရဲ့ ယူနစ်တွေနဲ့ ပဲရင်းနှီးနေတဲ့ ကျွန်တော်တို့ အဖို့ မုန်တိုင်း လေတိုက်နှုန်းကို ခန့်မှန်းရခက်နေရတယ်။ ... သတင်းမှာက အခုလိုရေးထားတယ်ဗျ။

Strong winds with a speed of around 70 km per hour are likely to prevail along and off the Orissa coast Thursday morning. Sea condition will be rough to very rough and fishermen have been advised not to venture into the sea.

ဒီမှာပြောထားတဲ့ လေတိုက်နှုန်း တစ်နာရီ ၇၀ ကီလိုမီတာ ဆိုတော့ မိုင်နှုန်းနဲ့ပြောရင် ဘယ်လောက်လဲ သင်္ချာဆရာ ကျွန်တော်လည်း ရုတ်တရက်တော့ မခန့်မှန်းတတ်ဘူးဗျ။
အို…. ဘာခက်တာလိုက်လို့ … အင်တာနက်ခေတ်မှာ မသိရင် ဆက်ရှာလို့ ရတဲ့ source တွေ အများကြီးရှိလေတော့ unit conversion software လေးကို တွေ့ပါလေရော…။

ဒါနဲ့ပဲ ပြောင်းကြည့်လိုက်တော့ 70 kilometer per hour = 43.4959834914102 mile per hour ပါတဲ့ဗျား…..။ တစ်နာရီကို ၄၃.၅ မိုင်ပေါ့။ နာဂစ်လောက် မပြင်းဘူးဆိုပေမယ့် သတိတော့ ထားရမှာပဲလေ….။

ဒါနဲ့ အဲဒီ software လေး လိုချင်တယ်ဆိုရင်တော့ ဒီမှာ ဆွဲလိုက် ပါဗျာ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1